Tuesday, November 22, 2016

လက်ကိုင်စက်လွှများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

မင်းဘူး       နိုဝင်ဘာ       ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ လက်ကိုင်စက်လွှ ပိုင်ရှင် များမှ လက်ကိုင်စက်လွှစစ်ဆေးကြီးကြပ်ရေး ကော်မတီထံသို့ လက်ကိုင်စက်လွှများ လွှဲပြောင်း အပ်နှံပွဲ အခမ်းအနားကို နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်(၁၀)နာရီက မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အဆင့် လက်ကိုင်စက်လွှစစ်ဆေးကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အမှာစကား ပြောကြားရာတွင် လက်ကိုင်စက်လွှများ ကိုင်ဆောင်ခြင်းအားဖြင့် အချိန်တို အတွင်း သစ်ပင်များ အလွယ်တကူ ပိုင်းဖြတ်နိုင်ခြင်း၊ လှဲခုတ်နိုင်ခြင်းနှင့် သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့် အကြာင်းအရင်း တစ်ရပ်ဖြစ်သော တရားမ၀င်သစ်ပင်ခုတ်လဲမှုများကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် လက်ကိုင်စက်လွှများ လွှဲပြောင်းအပ်နှံခြင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်  မြို့နယ်အဆင့် လက်ကိုင်စက်လွှစစ်ဆေးကြီးကြပ်ရေးအတွင်းရေးမှူး မြို့နယ်သစ်တောဦးစီး ဌာနမှူး ဦးလှဌေးမှ လက်ကိုင်စက်လွှ ကိုင်ဆောင်အသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းချက်၊ လက်ကိုင်စက်လွှ ၀ယ်ယူခွင့် လျှောက်ထားမှုနှင့် ပတ်သက်သည့်အချက်များ၊ တရားမ၀င်လက်ကိုင်စက်လွှ ကိုင်တွယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်များ သိရှိစေရန်အတွက် ဆွေးနွေး ရှင်းလင်းခဲ့သည်။
ဆက်လက်ပြီး လက်ကိုင်စက်လွှပိုင်ရှင်များမှ လက်ကိုင်စက်လွှများလွှဲပြောင်းအပ်နှံရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်နှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးမှ လက်ကိုင်စက်လွှများ လွှဲပြောင်းလက်ခံခဲ့သည်။
အဆိုပါအခမ်းအနားသို့ လက်ကိုင်စက်လွှရောင်းချသူများ၊ လက်ကိုင်စက်လွှပိုင်ရှင်များ စုစုပေါင်း အင်အား (၇၀)ခန့် တက်ရောက်ခဲ့ပြီး လက်ကိုင်စက်လွှ(၃၃)လုံးအား လွှဲပြောင်းလက်ခံရရှိခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment