Tuesday, November 22, 2016

(၉၆) နှစ်မြောက်အမျိုးသားနေ့ “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ဒလ နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ စသည့် တန်ဖိုးမဖြတ်နိုင်သော အထိမ်းအမှတ်နေ့များစွာ သမိုင်းရှိခဲ့ပါသည်။

ထိုကဲ့သို့ ထူးခြားလေးနက်သည့် နေ့ရက်များစွာ ရှိသည့်အနက် အမျိုးသားရေးစိတ်ဓာတ်၊ အားမာန်တို့ကို မြှင့်တင်ပေးသည့် နေ့တစ်နေ့ကို အစဉ်အမြဲသတိရနေစေရန် နှင့်  အမျိုးသားနေ့ တို့မမေ့ စေရန် ရည်ရွယ်ချက်များဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် ၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများမှ တန်ဆောင်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၉၆)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အကြို “ သတင်းစကား” အတွဲ(၁)၊ အမှတ်(၂) လက်ကမ်းစာစောင်များအား မြို့နယ်အတွင်း လူအများစည်းကားရာနေရာများဖြစ်သော ဒလသင်္ဘောဆိပ်၊ မထသရုံး၊ ကားဂိတ်၊ ဆိုက်ကား၊ ဆိုင်ကယ်ဂိတ် နှင့် လဖ္ဘာရည်ဆိုင်များ၊ အခြေခံပညာစာသင်ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား အမျိုးသားနေ့၏ အနှစ်သာရကို မျိုးဆက်သစ် လူငယ်များအကြား အမှတ်ရစေရန်၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးစိတ် နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်စိတ်ဓာတ်များ ရှင်သန်တက်ကြွလာစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment