နေပြည်တော် နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့်
နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင်
ဆူခါလီ(ဘင်္ဂါလီ)ကျေးရွာရှိ မူဟာမက်အီဆုတ်၏ နေအိမ်အား ၀င်ရောက်ရှင်းလင်း ရှာဖွေစစ်ဆေးရာ
မူဟာမက်အီဆုတ် (ဘ)ဆွေယော့နူလာ၊ ရာမက်ဒူလာ(ဘ) မိုဟာမက်အီဆုတ်နှင့် နော်ဇီမူလာ(ဘ) မိုဟာမက်အီဆုတ်တို့
၃ ဦးကို ဒသမ ၃၀၃ ထိပ်ဖူးဖြုတ်ထားသော ကျည်ခွံ ၄၂ ခု၊ ဒသမ ၃၀၃ ကျည်ဖူး ၇ ခု၊ RZL လက်ကိုင်
စကားပြော စက်တိုင်တို ၁ ချောင်း၊ သစ်သားမှိန်း ၁ ချောင်း၊ ၀ါးမှိန်း ၁ ချောင်း၊ သံမှိန်း
၂ ချောင်း၊ ဓားမကြီး ၄ ချောင်း၊ ဓားမြှောင် ၃ ချောင်း၊ အိပ်ဆောင်ဓားအသေး ၂ ချောင်း၊
အရိုးမပါ လှံသွား ၁ ချောင်းနှင့် ၄ မြှောင့် ဆူးချွန် ၂ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့
သည်။
အလားတူ ယနေ့ နံနက် ၇ နာရီခန့်ကလည်း ပူးပေါင်းအဖွဲ့ဖြင့်
နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် သက္ကယ်ပြင်(အနောက်) ကျေးရွာဘက်မှ ထွက်လာသည့်
မသင်္ကာဖွယ် ဘင်္ဂါလီ မာမက်ဟူစိန်(ဘ) ဒေါ်လာဘာရှီအား စစ်ဆေးရာ ဆန်ဖိုနီ(P-5) အမျိုးအစား
ဟန်းဆက် ၁ လုံး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တရားမ၀င် ရူဘီဆင်းကတ် ၁ ခု၊ MPT ဆင်းကတ် ၁
ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ ဘင်္ဂါလီ ၄ ဦး၊ လက်နက်များနှင့်
ဆက်စပ်ပစ္စည်းများအား အင်းဒင် ရဲစခန်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)သို့
တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
(မြ၀တီ)
No comments:
Post a Comment