Thursday, November 10, 2016

ငြိမ်းချမ်း​ရေး​ကော်​မရှင်​ နှင့်​ UNFC ၏ နိုင်​ငံ​ရေးဆိုင်​ရာညှိ နှိုင်း​ဆွေး​နွေး​ရေး ကိုယ်​စားလှယ်​ အဖွဲ့ (DPN) တို့ကြား ​​ကျန်​ရှိ​နေ​သည့် အဆိုပြု ချက်​များအား ဆက်​လက်​​ဆွေး​နွေး


ရန်ကုန်၊ နိုဝင်ဘာ ၁၀
သတင်း-ဇော်ကြီး(ပဏီတ)ဓာတ်ပုံ-ဖေဇော်
ငြိမ်းချမ်ရေးကော်မရှင် (Peace Commission) နှင့် NCA လက်မှတ်​​ရေးထိုးရသေးသော ညီညွှတ်​​သောတိုင်း ရင်းသားလူမျိုးများဖယ်ဒရယ်​​ကောင်စီ (UNFC)၏ နိုင်ငံရေးဆိုင်ရာညှိ နှိုင်ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) တို့အကြား ကျန်
ရှိနေသော အဆိုပြုချက်များ အပေါ် တတိယ အကြိမ်​​တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ အမျိုးသား ပြန်လည်သင့်မြတ်​​ရေးနှင့် ငြိမ်းချမ်ရေး ဗဟိုဌာန (ရန်ကုန်)၌ ကျင်းပသည်
အစည်းအဝေးသို့ အစိုးရ၊ လွှတ်​​တော်၊ တပ်တော် ဘက်မှ ကိုယ်စားလှယ် (၉) ဦး၊ နိုင်ငံရေးဆိုင်ရာညှိနှိုင်ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) ဘက်မှ ကိုယ်စားလှယ် (၁၁)ဦး နှင့်နည်း ပညာထောက်အကူပြု အဖွဲ့များ တက်​​ရောက်ကြပြီး ငြိမ်းချမ်ရေးကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း နှင့် နိုင်ငံရေးဆိုင်ရာညှိ နှိုင်ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်ဆောင် ခူဦးရယ် တို့က နှုတ်ခွန်းဆက်စကားပြောကြား သည်
ထို့နောက် အောက်တိုဘာ ၁၅ ရက် နေ့က နေပြည်​​တော်၌ ကျင်းပခဲ့သော ငြိမ်းချမ်ရေးကော်မရှင်နှင့် DPN အဖွဲ့တို့ တွေ့ဆုံစဉ်က UNFC ၏ အဆိုပြုချက် ရှစ်ချက် အနက် လေးချက်ကို နှစ်ဖက် သဘော တူညီမှု ရရှိထားပြီး ဖြစ်သဖြင့် ယနေ့တွင် ကျန်ရှိနေသော အချက်များအပေါ် အဆင့်လိုက်ကောင်အထည်​​ဖော် ဆောင်ရွက်နိုင်​​ရေးတို့ အတွက် နှိုင်ဆွေးနွေးခြင်း၊ သုံးသပ်ခြင်းတို့ကိုပြုလုပ်ကြသည်။
"ကျွန်​​တော်တို့ရဲ့ ငြိမ်းချမ်ရေးဖြစ်စဉ်က ယုံကြည်မှုတည်​​ဆောက် တဲ့ဖြစ်စဉ်ပါ။ အစည်းအဝေးတွေ ဆွေးနွေးပွဲတွေ ကိုကြိမ်ကြိမ်ပြုလုပ်ပြီး ရင်းနှီးမှုတွေ၊ နားလည်မှုတွေ၊ ယုံကြည်မှု တွေ ရဲ့ရလဒ်​​ကောင်တွေကနေ တစ်ဖက်နဲ့တစ်ဖက်ဖြေရှာကြရတာဖြစ်ပါတယ်။ အခု ငြိမ်းချမ်ရေးကော်မရှင်နဲ့ DPN အဖွဲ့တွေ တွေ့ ဆုံမှုဟာ တတိယအကြိမ်ပါ။ ထပ်မံပြီး ဆွေးနွေးဖို့ကျန်​​သေးတဲ့ အဆိုပြုချက်​​တွေကို JMC မှာရော ငြိမ်းချမ်ရေးကော်မရှင်မှာပါ ဆွေးနွေးအဖြေရှာသွားမှာပါ ဒီလ နိုဝင်ဘာ မှာပဲ ကျင်းပသွားဖို့ရှိပါတယ်။ နိုင်ငံရေးမူဘောင် ဆွေးနွေးမှုကို လည်း ယခင်က CT အဖွဲ့ တွေနဲ့ အစိုးရ ကိုယ်စားလှယ်​​တွေဆွေးနွေးခဲ့ကြပြီး ယခုနောက်ပိုင်းကာလတွေမှာ DPN ပါဝင်​​လာပြီး အချက်တော်များများကိုညှိ နှိုင်း ဆွေးနွေးလာနိုင် ပါပြီ။ ဆက်လက်ပြီးတော့လည်း ကျန်ရှိနေသေးတဲ့ အဓိ ကအချက်​​တွေကို ထပ်မံဆွေးနွေးသွားဖို့ ပြင်ဆင်သွားဖို့ ကို ငြိမ်းချမ်ရေးကော်မရှင်နဲ့ DPN တို့နှစ်ဖက်​ ဘောတူထားတာတွေရှိပါတယ်။ ငြိမ်းချမ်ရေးဖြစ်စဉ်မှာ နှစ်ဖက်​​ခေါင်ဆောင်​​တွေကတော့အပြု သဘောဆောင်ပြီးအကောင်းဘက်ကို ဦးတည်သွားနေပါတယ်" ယနေ့ အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲတွင် အငြိမ်းချမ်ရေးကော်မရှင် အတွင်ရေးမှုး ဦးလှမောင်​​ရွှေ က ပြောသည်
ကျန်ရှိနေသည့် အချက် များသည်​  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီ(JMC) နှင့် အများဆုံးပတ်သပ် နေသဖြင့် ယင်းအချက်တို့ အပေါ် နိုဝင်ဘာ လ လယ်ပိုင်းတွင်ကျင်းပသွားမည်  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ ( JMC) ၏  ပုံမှန်​  အစည်းအဝေးများတွင် DPN ၏ကျန်ရှိနေသော တောင်းဆိုချက်များ အားထည်သွင်းဆွေးနွေး အဖြေရှာသွားမည်ဖြစ်​​ကြောင်း ယနေ့အစည်းအဝေးမှသိရသည်
ထို့အပြင် နိုဝင်ဘာ လ ကုန်ပိုင်းခန့် တွင်​  ငြိမ်းချမ်ရေးကော်မရှင် နှင့် DPN အဖွဲ့တို့ ထပ်မံတွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး (Political Framework  Review Meeting) တွင်ပါဝင်​​ဆွေးနွေး နိုင်​​ရေး နှင့် နှစ်ဖက် ပြင်ဆင်ညှိ နှိုင်းမှု ပြု နိုင်​​ရေးတို့အား ဆောင်ရွက်ရန်နေ့ တွေ့ဆုံဆွေးနွေးမှု တွင်ဘောတူခဲ့ကြောင်း၊ UNFC ၏  နိုငိငံရေးဆိုင်ရာညှိ နှိုင်ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) အနေဖြင့် NCA တွင်ပါဝင်​​သော အချက်များအား လက်ခံသဘော တူညီပြီး ဖြစ်ရာ လက်မှတ်​​ရေးထိုးပြီးလျင် ခိုင်မာသော သဘောတူညီချက် ဖြစ်ရန်လိုအပ်​​ကြောင်း၊ ခိုင်မာသောသဘောတူညီချက် များဖြစ်မှသာလျင် မြေပြင် ပဋိပက္ခ ပြဿနာများ၊ အထိအတွေ့များ မဖြစ်ပွားစေရန်​  စနစ်တကျစောင့်ကြည့်ထိန်းသိမ်စေလိုကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးမှုစတင်နိုင်ရန် ပါဝင်သင့်ပါဝင်ထိုက်သူများအားပါဝင်​​စေပြီး ခိုင်မာသောနိုင်ငံရေးဆွေးနွေးပွဲများ ကိုအဆင့်ဆင့်သွားနိုင်​​စေရန်​  ခိုင်မာသော နိုင်ငံရေးမူဘောင် တစ်ခုအားပြဌာန်ဆောင်ရွက် သွားစေလိုကြောင်းထိုနေ့ဆွေးနွေးပွဲတွင် ထည့်သွင်ဆွေးနွေးခဲ့ကြောင်းသိရသည်
“​တွေ့ဆုံဆွေးနွေးပွဲတွေ ကတော့ တဖြည်းဖြည်း နဲ့အကောင်းဘက်ကို သွားနေတယ် လို့တော့ပြောရမှာပါ။ ဒီအပေါ်မှာ မြန်မြန်​​လေးသွားနိုင်ဖို့ အဆင်တွေခွဲပြီး ဆွေးနွေးဖြစ်ပါတယ်။ အမြင်ဘောထားတွေတူညီပါတယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေး နိုင်ဖို့ကို ငြိမ်းချမ်ရေးအခင်းအကျင်းက NCA လမ်ကြောင်းအတိုင်းသွားရမယ်ဆိုတာ အားလုံးသဘောတူထားပြီးဖြစ်ပါတယ်။ ဒါကြောင့်ကျွန်​​တော်တို့အနေနဲ့ NCA လက်မှတ်​​ရေးထိုးနိုင်ဖို့အတွက် အဓိက ခတ်ခဲနေတဲ့ပြဿနာက ငြိမ်းချမ်ရေး Process မှာပါဝင်​​နေတဲ့ EAOs တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေ အားလုံး မပါဝင်လာနိုင်တဲ့ ပြဿနာက အဓိက ကျနေပါတယ်။ ဒါကလဲ ကျွန်​​နော်တို့အနေနဲ့ အားလုံးပါဝင်မှပဲ တစ်စုံလုံးချုပ်ငြိမ်းမယ်လို့ ယုံကြည်ချက် ခံယူချက်​​တွေ ရှိနေလို့ပါ။ တစ်စုံလုံးပါဝင်တဲ့ ငြိမ်းချမ်ရေးကို တည်​​ဆောက်ခြင်းအားဖြင့်ကြားထဲမှာလိုအပ်​​နေတဲ့ ယုံကြည်မှု ကိုရရှိ မယ်လို့ တထစ် ချယုံကြည်ထားလို့ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးပါဝင်လာနိုင်မယ့် လမ်ကြောင်းကို အဆင့်လိုက်သွားမလား၊ တစ်ကြိမ်း တည်း တစ်​​ပြေးညီ သွားရ မလားဆိုတာ တွေကို တွေ့ဆုံ ညှိ နှိုင်းမှုတွေလုပ်​​နေရတော့ အချိန်ကြန့် ကြာမှုတွေဖြစ်​​နေရတာပါ။ နှစ်​​ပေါင်း ၇၀ ပြဿကို ပြည်သူတွေနဲ့အတူ ကျွန်​​တော် တို့ EAOs တွေလဲ ထပ်တူခံစားနေရပါတယ်။ ကျွန်​​တော်တို့လည်း အသက်​​တွေကြီးလာပြီဖြစ်လို့ နောင်လာမဲ့ မျိုးဆက်သစ်​​တွေလက်ထဲကို အမြန်ဆုံး ငြိမ်းချမ်ရေးအမွေ ထည်ပေးချင်ပါပြီ"ဟု UNFC ၏ နိုင်ငံရေးဆိုင်ရာညှိ နှိုင်ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN) ခေါင်းဆောင် ခူဦးရယ်​  က ပြောသည်
ယခုအခါတွင် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိ နှိုင်ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အနေဖြင့် အဆိုပြု ချက် တင်သွင်းထားသော အချက် ၈ ချက် အား အစိုးရ၊ တပ်တော် အဖွဲ့ များနှင့် ညှိ နှိုင်ဆွေးနွေးမှုများ ဆောင်ရွက် လျက်ရှိသည့် အပြင် ယင်းအချိန်တွင် CT အဖွဲ့ နှင့် အစိုးရ ကိုယ်စားလှယ် များအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ရေးအတွက်ပြင်ဆင်​​နေ ပြီဖြစ်​​ကြောင်းသိရသည်။
ထို့အပြင် ကနဦး အမျိုးသားအဆင့် နိုင်ငံဆွေးနွေးပွဲများအား ကျင်းပရန် အစဉ်သင့်ဖြစ်​​​နေသော ကရင်ပြည်နယ်နှင်  တနင်္သာရီ တိုင်ဒေသကြီးတို့တွင် ပြုလုပ်သွားမည်ဖြစ်သည့် အပြင်ကျန်ရှိသော တိုင်ဒေသကြီး နှင့်ပြည်နယ်များတွင်လည်း တစ်ဆင့်ပြီးတစ်ဆင့် ကျင်းပသွားမည်ဖြစ်ပြီး ရရှိလာသောလူထုဆန္ဒ သဘောထား အသံများ အား အဆင့်ဆင့် စိစစ်ကာ  ၂၀၁၇ ခုနှစ်​​ဖေဖော်ဝါရီတွင်ကျင်းပမည့် ဒုတိယအကြိမ် ပြည်​​ထောင်စုငြိမ်းချမ်ရေး ညီလာခံသို့တင်သွင်းသွားမည်ဖြစ်​​ကြောင်း ယနေ့ တွင်ပြုလုပ်​​သောသတင်းစာရှင်းလင်းပွဲမှသိရသည်

No comments:

Post a Comment