Friday, November 11, 2016

မအူပင်မြို့တွင် ကွန်ကရစ်လမ်းခင်းခြင်း ပန္နက်တင်မင်္ဂလာ ကျင်းပ ဆောင်ရွက်

မအူပင် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင်း မင်းလမ်း၊ (၁၀)လမ်းထိပ်မှ မြို့သစ် (၃)လမ်းထိပ်အထိ ကွန်ကရစ်လမ်းခင်းရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့စည်ပင်သာယာရေး ကော်မတီတို့ ဦးဆောင်မှုဖြင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက မင်းလမ်းနှင့် ၁၀ လမ်းထိပ်လမ်းမပေါ်တွင်ကျင်းပသည်။

ပန္နက်တင်မင်္ဂလာနှင့် လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌဦးညွန့်ဆွေနှင့် စည်ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက်လမ်းကော်မတီဝင်များ တက်ရောက်ဆောင်ရွက်ကြပြီး အဆိုပါလမ်းခင်းစဉ်ကာလအတွင်း အများပြည်သူသွားလာမှုအဆင်ပြေရေး၊ လမ်းခင်းခြင်း လုပ်ငန်း သတ်မှတ်ကာလအတွင်းပြီးစီးရေး ကွန်ကရစ်လမ်း အရှည် ၁၆၈၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မအား သတ်မှတ် စံနှုန်းနှင့်အညီ ဆောင်ရွက်ရေးတာဝန်ရှီသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်) 

No comments:

Post a Comment