Friday, November 11, 2016

ကန့်​ဘလူမြို့နယ်​တွင်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုး​ရေး အ​ထောက်​အကူပြု​မြေသားလမ်းများ​ဖောက်​လုပ်


ကန့်ဘလူ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်ဒေသကြီး ကန့်ဘလူမြို့နယ်​​ကျေး လက်​​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးဦးစီးဌာန ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်ခွင့် ပြုရန်ပုံငွေများဖြင့်မြို့ နယ်အတွင်ကျေးလက်​​နေပြည်သူများ၏ လူမှုစီးပွားရေးနှင့် လမ်းပန်းဆက်သွယ်​​ရေး လွယ်ကူချောမွေ့စေရေးအတွက်​ ​ကျေးရွာချင်းဆက်​ ​မြေသားလမ်းများကို တင်ဒါစနစ်ဖြင်ဖောက်လုပ်​​ပေးလျက်ရှိရာ နိုဝင်ဘာ ၁၀ ရက်ကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်ဆွေအောင်နှင့်တာဝန်ခံအင်ဂျင်နီယာတို့က ချပ်သင်-ဇင်း လမ်းအရှည်သုံးမိုင်​ ​မြေသား လမ်ဆောင်ရွက်​​နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်

ကန့်ဘလူမြို့နယ်အတွင်ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးဦးစီးဌာနရန်ပုံငွေဖြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်​​ကျေးလက်​​ဒေသဖွံ့ဖြိုးရေး ထောက်အကူပြုမည် လမ်းများဖြစ်သည် ချပ်သင်-ဇင်မြေသားလမ် အရှည်သုံးမိုင်ခွင့်ပြုရန်ပုံငွေ ကျပ်၄၄ ဒသမ ၆၅ သန်း၊ အင်ငုတ္တို- တမာကုန်-ချပ်သင်မြေသားလမ်းအရှည်တစ်မိုင်ခွင့်ပြုရန်ပုံငွေ ကျပ်၁၄ ဒသမ ၇၅ သန်း၊ ယောကုန်ကျေးရွာမှ ကျွန်းလှ-​ကောလင်းလမ်းနှင့်ဆက်သွယ်​​သောမြေသားလမ်းအရှည်တစ်မိုင်ခွင့်ပြုရန်ပုံငွေ ကျပ်၁၄ ဒသမ ၇၅ သန်း၊ သင်ပန်တောကျေးရွာမှ ကန့်ဘလူ-ကျွန်းလှလမ်းနှင့်ဆက်ငွယ်​​သောမြေသားလမ်းအရှည်တစ်မိုင်ခွင့်ပြုရန်ပုံငွေ ကျပ်၁၄ ဒသမ ၇၅ သန်း၊ ကျောက်လုံးကြီးကျေးရွာမှ အမှတ်​()ခရိုင်ချင် ဆက်သွယ်​​သောမြေသားလမ်း အရှည်တစ်မိုင်လေးဖာလုံ ခွင့်ပြုရန်ပုံငွေ ကျပ်၂၂ သန်း၊ ကန့်ဘလူ-ဆည်ကြီး-ဂါထာကျောက်​​ချော လမ် အရှည်တစ်မိုင်​​လေးဖာလုံ ခွင့်ပြုရန်ပုံငွေ ကျပ်၈၉ သန်းတို့ဖြင်ကျေးရွာကုန်ထုတ်လမ် လမ် စုစုပေါင်းလမ်းအရှည် မိုင်ကို ခွင့်ပြုရန်ပုံငွေ ကျပ်၁၉၉ ဒသမ သန်းဖြင် AFC ​ဆောက်လုပ်​​ရေးကုမ္ပဏီက တင်ဒါအောင်မြင်ပြီးဆောင်ရွက်လျက်ရှိသည်
အဆိုပါ ချပ်သင်-ဇင် လမ်းပိုင်ဆောက်လုပ်​​ရေး လုပ်ငန်းခွင်သို့ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ခံအင်ဂျင်နီယာတို့က တာဝန်ယူဆောင်ရွက်လျက်ရှိသည် ကုမ္ပဏီမှတာဝန်ရှိသူများနှင် လမ်းအ ကျယ်တိုင်းတာခြင်း၊ သတ်မှတ်အရည်သွေး၊ သတ်မှတ်အတိုင်းအတာများ ပြည့်ဝစေရေးတို့အတွက်လုပ်ငန်းခွင်အတွင် ကွင်းဆင်းစစ်​​ဆေးခြင်းတို့ကိုအမြဲမပြတ်ကြီးကြပ်​​ဆောင်ရွက်ခဲ့ကြောင်းသိရသည်

အောင်ဝင်းငြိမ်(ကန့်ဘလူ)

No comments:

Post a Comment