Tuesday, November 22, 2016

ကမ္ဘာ့ပဋိဇီဝဆေး အသိပညာပေး ရက်သတ္တပတ် အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

အိမ်မဲ၊   နိုဝင်ဘာ  ၂၁
 ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကမ္ဘာ့ပဋိဇီဝဆေး အသိပညာပေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၂၁ ရက် နံနက် ၁၀ နာရီက မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကျော်ကျော်က "သတိထား သုံးစွဲစရာ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာ" ခေါင်းစဉ်ဖြင့် ပဋိဇီဝဆေးယဉ်ပါးမှု  အကြောင်းများ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ  မေးမြန်းမှုအား  အပြန်အလှန်  ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဟောပြောပွဲသို့ ကျေးရွာများမှ သင်တန်းသား  ၂၀ ဦး နှင့် သိရှိလိုသူ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

( အိမ်မဲ၊ ပြန်/ဆက်)  

No comments:

Post a Comment