Tuesday, November 22, 2016

Fishery Department draws up plans for development of Buthidaung, Maungtaw townships

November 21, 2016
For the revitalization of the small-scale fishing industry of Rakhine nationals, the Ministry of Agriculture, Livestock and Irrigation, Tatmadaw, Myanmar Police Force, respective administrative organizations, Rakhine State Cabinet and Implementation Committee for Rakhine State
Stability and development have been supervising educative talks given to locals, according to Union Minister Dr Aung Thu.
 He was replying to a question raised by U Khin Maung Latt of Rakhine State Constituency (3) as to how to prevent illegal fishing and trading of fishery products by Bangladeshi-owned fishing boats in Myanmar territorial waters, and to implement the revitalization of small-scale fishing industry of Rakhine nationals in an Amyotha Hluttaw session.
 From 2013 April to 2016 August, a total of 60 illegal boats, including boats carrying illegal immigrants, drugs, teak, timber and black marketing commodities worth 2,244,870,000 Kyats, were confiscated by Danyawady-based marine headquarters and added to national finances. And  22 villages have been upgraded as an Emerald village project in 2014-15, 2015-16 and 2016-2017 fiscal years to promote socio-economic lives of the locals, explained by the Union Minister. 
 Moreover, the Union Minister added that the Fishery Department is also drawing up a specific plan for the development of Buthitaung and Maungtaw townships. It was submitted to UN Organizations, International organizations, as well as cooperation committees on 14th July 2016.  With the assistance of International Organizations, plans are being made for the improvement of fishermen along coastal regions. And with the support of Myanmar sustainable Aquaculture Programme (MYSAP), Project for Exploiting Marine and its Sources for Sustainable Economic Development in Myanmar and conservation of marine species in fresh and saltwater areas in Myanmar are being implemented.
 He also answered queries raised by U Tet Htun Aung of Rakhine State Constituency(2) on Irrigation projects, U Kyaw Than of  Rakhine State Constituency (10) on repairing roads and bridges,  U Win Aung of Sagaing Region Constituency (3) ,  U Khin Zaw Oo of  Mon State Constituency (3) and U Kyaw Tote of  Mandalay Regional Constituency (7) on rural roads and drinking water sectors.
Speaker of Amyotha Hluttaw U Mahn Win Khaing Than announced  the interested MPs were invited to discuss the law on Myanmar Territorial Sea and Marine Zones sent back by the Pyithu Hluttaw with an amendment.


ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဘူးသီးတောင်၊ မောင်တောဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် သီးခြားလုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်လျက်ရှိ
နေပြည်တော် နိုဝင်ဘာ ၂၁
ရခိုင်တိုင်းရင်းသားများ၏ တစ်ပိုင်တစ်နိုင်ရေလုပ်ငန်း ပြန်လည်ဖွံ့ ဖြိုးတိုးတက်လာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင် ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကော်မတီတို့မှ အချိန်ပြည့် စောင့်ကြပ်စစ်ဆေး တားဆီးမှုများ ဆောင်ရွက်ခြင်း၊ ပညာပေးဟောပြောမှုများဆောင်ရွက်ခြင်းတို့ဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းဖြေကြားသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ မြန်မာ့ပင်လယ်ပြင်၌ ခိုးဝင်၍ငါးဖမ်းဆီးခြင်း၊ ငါးဝယ်ယူခြင်းတို့ကိုလုပ်ဆောင်နေသော ဘင်္ဂလားဒေ့ရှ်စက်လှေများကို တားဆီးပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် လွန်ခဲ့သော အနှစ်(၂၀)အတွင်း ဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသားတို့၏ တစ်ပိုင်တစ်နိုင်ရေလုပ်ငန်း ပြန်လည်ဖွံ့ ဖြိုးရေးကို ကူညီထူထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပည်ထောင်စုဝန်ကြီးကငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးဖမ်းရေယာဉ် စစ်ဆေးရေး စခန်းများတွင်တရားဝင်မှတ်ပုံတင်ထားသော ကမ်းနီး၊ကမ်းဝေး ငါးဖမ်းယာဉ်များ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်း၊ မထွက်ခွာမီ ငါးဖမ်းကိရိယာများ စစ်ဆေးခြင်း၊ သက်ဆိုင်ရာစုပေါင်းအဖွဲ့များနှင့် တာဝန်အလိုက်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပင်လယ်ပြင်ရှိ ကမ်းဝေး၊ ကမ်းနီး ငါးဖမ်းရေယာဉ်များအားကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဆေးကြပ်မတ်မှုဖြင့် ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ထို့ပြင် ရသေ့တောင်မြို့နယ် တစ်ဝိုက်ရှိ ပင်လယ်ပြင်တွင် မြန်မာနိုင်ငံ ရဲတပ် ရင်း လုံခြုံရေးအဖွဲ့များမှစစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း။
ဓည၀တီရေတပ်စခန်းဌာနချုပ်မှ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဩဂုတ်လအထိ သစ်ခိုးလှေ၊ ကျွဲနွား မှောင်ခိုလှေ၊မူးယစ်ဆေးဝါးသယ်လှေ၊ တရားမဝင်ကုန်တင်လှေ၊ လူမှောင်ခိုလှေနှင့် တရားမဝင် နိုင်ငံခြားငါးဖမ်းလှေ စုစုပေါင်းအစင်း ၆၀ စုစုပေါင်း ကာလတန်ဖိုးငွေကျပ်ကျပ် ၂၂၄၄၈၇၀၀၀၀ အား ပြည်သူ့ဘဏ္ဍာသိမ်းဆည်း၍ အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင် ပြည်နယ် အတွင်းရေလုပ်သားများ၏ လူနေမှုဘ၀မြှင့်တင်ရေးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ငါးကဏ္ဍ)အား ၂၀၁၄ - ၂၀၁၅ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၅ ရွာ၊၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်ကျေးရွာ ငါးရွာ၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာနှစ်ရွာ စုစုပေါင်း ကျေးရွာ ၂၂ ရွာအား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့်ဘူးသီးတောင်၊ မောင်တောဒေသ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် သီးခြားလုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီသို့ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်တွင်တင်ပြထားပါကြောင်း၊ ရခိုင်ပြည်နယ်လူမှုစီးပွားစဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုး တက်ရေးဆိုင်ရာ ဦးစီးကော်မတီကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းအဖွဲ့၊ သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအဖွဲ့၊ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးရေးအဖွဲ့၊သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံအဖွဲ့၊ ခရီးသွားလာရေးအဖွဲ့နှင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းအဖွဲ့များ ပါဝင်သည့်နည်းပညာအဖွဲ့များ ထည့်သွင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းကို ပြည်နယ်အစိုးရအဖွဲ့က ဖြေကြားထားပါကြောင်း။
အလားတူ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကမ်းရိုးတန်းနေဆင်းရဲနွမ်းပါးသည့် ရေလုပ်သားများလူနေမှုဘ၀ မြှင့်တင်ရေးစီမံကိန်း၊ Myanmar Sustainable Aquaculture Programme (MYSAP) စီမံကိန်း၊ မြန်မာနိုင်ငံ၏ လုံခြုံမှုရှိစွာဖြင့်စီးပွားရေးလုပ်ငန်းများ ရေရှည်စဉ် ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေရေးအတွက် အ္ဏဝါရေပြင်နှင့် သယံဇာတ အရင်း အမြစ်များအား အသုံးချခြင်းဆိုင်ရာ စီမံကိန်း၊ မြန်မာနိုင်ငံတွင် ရေချိုရေငန် ဇီဝမျိုးစုံမျိုးကွဲများ ပူးပေါင်းထိန်းသိမ်းရေး အစီအစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ ရခိုင်ပြည်နယ်ပေါက်တောမြို့နယ် သရက်ချောင်းကျေးရွာအတွင်းရှိ သရက်ချောင်း ဖွံ့ ဖြိုးရေး ရေငန်တားတာတမံအား ဆည်ဖို့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သရက် ချောင်းဖွံ့ ဖြိုးရေးရေငန်တားတာတမံအား ထပ်မံဆည်ဖို့ပေးရန် ဖြစ်မြောက်နိုင်စွမ်း အကြို ကွင်းဆင်းစစ်ဆေးမှု၊ မြေပြင်တိုင်းတာမှု၊ဒေသ္တရဆိုင်ရာ စူးစမ်းလေ့လာမှု၊ ခန့်မှန်းကုန်ကျ စရိတ် အသေးစိတ်တွက်ချက်မှုနှင့်ရန်ပုံငွေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေအရ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပြုလုပ်ငန်းအား ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း၊ အသေးစိတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ပြီး ဖြစ်မြောက်နိုင်စွမ်းရှိပါက ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေတွင် ဦးစားပေးအလိုက် ထည့်သွင်းတင်ပြပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် အမှတ်(၇) တိုက်နယ်ရတနာအုပ်စုရှိ ကျေးရွာချင်းဆက်မြေသားလမ်းအား ကျောက်ချော လမ်းခင်း ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူက ကျောက်ဖြူမြို့နယ်၌ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေကျပ်ကျပ် ၂၁၄ ဒသမ ၄၆၂ သန်းဖြင့် မြေသားလမ်း ငါးမိုင် ခြောက်ဖာလုံ၊ကွန်ကရစ်တံတား နှစ်စင်း၊ ရေပြွန် ၁၃စင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ရတနာအုပ်စုရှိ လောင်းခုတ်တောင်အနောက်မျှားတိန်-အရှေ့မျှား တိန်မြုံးပြင်-ခြုံဆွယ်ကျေးရွာချင်းဆက်လမ်းသည် ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိပါကြောင်း၊ နှစ်အလိုက် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ဦးစားပေး လျာထားတင်ပြမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၃)မှ ဦးဝင်းအောင်၊မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှဦးခင်ဇော်ဦးနှင့် မ္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ်တို့၏ ကျေးလက်လမ်းနှင့် သောက်သုံးရေကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးပြောကြားပြီး ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးပဉ္စမနေ့ကို နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment