Wednesday, November 2, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံ ၀န်ကြီးချုပ်က ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆို



 တိုကျို နိုဝင်ဘာ ၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား  ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက ယနေ့ ညနေပိုင်းတွင် တိုကျိုမြို့ရှိ Akasaka State Guest House ၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုသည်။  


ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် တို့ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍ ပူးပါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ဂျပန်နိုင်ငံမှ ပုဂ္ဂလိက လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု ပိုမိုလာရောက်ရေး၊ ကာကွယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေး၊ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်ဖက်လူငယ်များ အကြား အပြန်အလှန် ဖလှယ်ရေးနှင့် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များအပေါ် ဂျပန်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ အပါအ၀င် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ သဘောတူ စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တက်ရောက်ကြ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ဖလှယ်မှုများမှတစ်ဆင့် မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် "မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအစိုးရတို့အကြား ဂျပန်ပြည်ပ ပူးပေါင်းဆောင်ရွက်မှု လုပ်အားပေးများ စေလွှတ်ရေး အစီအစဉ်အရ မြန်မာနိုင်ငံသို့ လုပ်အားပေးများ စေလွှတ်ရေးဆိုင်ရာ စာချွန်လွှာ" (Exchange of Notes the dispatch of volunteers  to  the  Republic  of  the  Union  of  Myanmar under the  Japan  Overseas  Volunteers  Programme  Between  the  Government  of  the  Republic  of  the  Union  of  Myanmar  and  the  Government  of Japan) အား မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ဂျပန်နိုင်ငံ အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တာတိရှိ ဟိဂုချိ တို့က လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် တို့သည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရက် ပြုလုပ်ခဲ့သည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဂျပန်ဝန်ကြီးချုပ်က ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ Rahga ဟိုတယ်၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်  တိုကျိုမြို့ရှိ မြန်မာသံရုံး၌ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ပြီး သံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

No comments:

Post a Comment