Tuesday, November 8, 2016

(၉၆)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မြိုင်       နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊   ပခုက္ကူခရိုင်  မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၉၆)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ နေ့လည် ၁ နာရီက မြို့နယ်ပြန်/ဆက် စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် “အမျိုးသားနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် အချိန်(၁)နာရီ ဖြေဆိုခွင့် ပေးထားပြီး မြိုင် အ.ထ.က(၁) နှင့် မြိုင်   အ.ထ.က(၂) နှစ်ကျောင်းမှ    အလယ်တန်းအဆင့် ကျောင်းသား(၂၂)ဦး+ကျောင်းသူ ဦး(၄၀)၊ စုစုပေါင်း (၆၂)ဦး တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment