Tuesday, November 8, 2016

“ဆီမီးမြိုင်မြိုင်လတန်ဆောင်တိုင် “ ပန်းချီ ၊ ဆေးရောင်ချယ်ပြိုင်ပွဲ လွိုင်ကော်မြို့၌ကျင်းပ

 လွိုင်ကော် နိုဝင်ဘာ ၈
ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာ၊ ဥာဏ်ရည်ဥာဏ်သွေး၊  ပင်ကိုယ်အတွေးအခေါ်၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်မှုများနှင့် ထူးချွန်ထက်မြက်သော ကလေးငယ်များ ဖြစ်ထွန်းလာစေရေးအတွက် ရည်ရွယ်ပြီး ပန်းချီးပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ ၊ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ လွိုင်ကော်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပန်းချီဆေးရောင်ချယ်ပြိုင်ပွဲသို့ လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁) ကျောင်း  မှ    တတိယတန်း နှင့် စတုတ္ထတန်း ကျောင်းသား ကျောင်းသူ (၁၅) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ ၊ ဒုတိယ ၊ တတိယ ၊ အထူးဆု ရရှိခဲ့ကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာ နှင့် ကယားပြည်နယ်ရုံး  ဒုတိယ ဦးစီးမှူး ဒေါ်နုနုယဉ်မိုး တို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲတွင် ဆု မရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူလေးများကိုလည်း အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment