Tuesday, November 8, 2016

ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်စည်ပင်သာယာဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကနီ  နိုဝင်ဘာ 
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးလောင်မှုများဖြစ်ပွားပါက လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန်တို့အတွက် မြို့နယ် သန္ဓေမီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များအနေဖြင့်
သင့်(၄)သင့်၊ ကောင်း(၄)ကောင်း၊ မြန်(၃)မြန် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နိုင်ရန် မြို့နယ်မီးဘေးလုံခြုံရေးကော်မတီ ဥက္ကဌ ဦးဖြိုးအောင်ထွန်းနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းမှုဖြင့် မြို့နယ်စည်ပင် သာယာဈေး၌ နိုဝင်ဘာ ၈ ရက်နေ့က မီးသတ်ယာဉ်များဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ယခုလို ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် ပြည်သူများ မီးဘေးမှ ကာကွယ်နိုင်ရေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြမီးငြှိမ်းသတ်နည်းများ၊ ဇာတ်တိုက် လေ့ကျင့်ခြင်းများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ အသိပညာပေးရေးလုပ်ငန်းများ လေ့ကျင့်ပြုလုပ်သွားမှာ ဖြစ်ပါတယ်"ဟု မြို့နယ်သန္ဓေမီးသတ်ဦးစီးဌာန မြို့နယ်စခန်း တာဝန်ခံ ဒုတိယဦးစီးမှူး ဦးထိန်လင်းထွန်းက ပြောကြားခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရေးသို့ မြို့နယ်မီးဘေးလုံခြုံရေးကော်မတီ ဥက္ကဌ ဦးဖြိုးအောင်ထွန်း၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးချစ်ကိုနှင့် ၀န်ထမ်းများ၊ မြို့နယ်မီးဘေးလုံခြုံရေးကော်မတီဝင်များ၊ မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် ( ပြန်/ဆက်)

No comments:

Post a Comment