Friday, November 4, 2016

မောင်တောခရိုင်တွင် ရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားပြီး လုံခြုံမှုပေးလျက်ရှိ

မောင်တော  နိုဝင်ဘာ 
ရခိုင်ပြည်နယ် နယ်မြေလုံခြုံရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် အင်အားများတိုးမြှင့်ထားမှုနှင့် အတူ ဒေသခံတိုင်းရင်းသား လူငယ်များကိုလည်း ဒေသန္တရရဲတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း သိရသည်။

နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်မှုရရှိစေဖို့ တိုင်းရင်းသားလူငယ်တွေအနေနဲ့ မိမိတို့ဒေသကာကွယ်ရေးကို ဆောင်ရွက် လိုရင် ဒေသန္တရရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ပေးမှာဖြစ်ပါတယ်။ ၀င်ရောက် တာဝန်ထမ်းဆောင်သူများအနေနဲ့ လာရောက်စာရင်းပေးသွင်းနိုင်ပြီး သတ်မှတ်ထားတဲ့ သင်တန်းကို တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက ရဲတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ လစာနဲ့ ရိက္ခာတွေ ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပြောသည်။
တိုင်းရင်းသားလူငယ်များအနေဖြင့် ဒေသန္တရရဲအဖြစ် တာဝန်ထမ်းဆောင်လိုပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လက်ခံမည်ဖြစ်ပြီး သင်တန်းကို ဝေးဝေးလံလံမသွားရဘဲ စစ်တွေမြို့ သို့မဟုတ် မောင်တော မြို့မှာပင် ရဲတပ်ဖွဲ့ဝင်လေ့ကျင့်ရေးသင်တန်းများဖွင့်လှစ်ပေးသွားမည့်အပြင် သင်တန်းဆင်းပြီးပါကလည်း မိမိဒေသ ကျေးရွာများ၌ပင် တာဝန်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။
နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေးဆောင်ရွက်ရာမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကာကွယ် စောင့်ရှောက်နိုင်ဖို့ အမြင့်ဆုံးမူဝါဒထားရှိပြီး နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်နေပါတယ်။ဟု အဆိုပါ ရဲတပ်ဖွဲ့အရာရှိ ကြီးက ပြောသည်။
ထို့ပြင် နယ်မြေရှင်းလင်းရေးအတွက် အင်အားအသုံးပြုရာတွင်လည်း ဥပဒေနှင့်အညီဖြစ်ခြင်း၊ တာဝန်ခံနိုင်မှုရှိခြင်း၊ အချိုးအစားမျှတခြင်း၊ လိုအပ်သလောက်သာ အသုံးပြုခြင်း စသည့်အချက်လေးချက်နှင့် အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မောင်တောခရိုင်အတွင်း တိုင်းရင်းသားကျေးရွာများတွင် ရဲတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ချထားပြီး အကောင်းဆုံးလုံခြုံမှုပေးထားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment