Friday, November 4, 2016

မောင်တောခရိုင်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်၌ ပါဝင်ပတ်သက်သူများနှင့် သံသယ ရှိသူများအား ဥပဒေနှင့်အညီ စစ်ဆေးပြီး ပါဝင်ပတ်သက်မှုမရှိသူများအား ပြန်လည်စေလွှတ်နေ

မောင်တော  နိုဝင်ဘာ 
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း များအား အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကျဆုံးဒဏ်ရာရရှိခဲ့ကြ သည့် အပြင် လက်နက်ခဲယမ်းနှင့်
ဆက်စပ်စ္စည်များ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ၊ အကူအညီ ပေးသူများ၊ ပါဝင်ပတ်သက်သူများနှင့် သံသယရှိသူများကို ဥပဒေနှင့်အညီ ရှာဖွေဖော်ထုတ် ထိန်းသိမ်းပြီး စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။
နိုဝင်ဘာ ၂ ရက်အထိ မသင်္ကာ၍ ထိန်းသိမ်းစစ်ဆေးခဲ့မှုမှာ စစ်တွေမြို့မရဲစခန်းတွင် သုံးဦး၊ မောင်တောမြို့မ ရဲစခန်း၌ ငါးဦး၊ ငါးခူရနယ်မြေရဲစခန်း၌ ၄၉ ဦး၊ ပြင်ဖြူနယ်မြေရဲစခန်း၌ ၅၆ ဦး စုစုပေါင်း ၁၁၃ ဦးဖြစ်သည်။ ၄င်းတို့အနက်  မောင်တောမြို့မရဲစခန်းမှ သုံးဦး၊ ငါးခူရနယ်မြေရဲစခန်းမှ ၁၅ ဦး၊ ပြင်ဖြူ နယ်မြေရဲစခန်းမှ ၂၀ စုစုပေါင်း ၃၈ ဦးမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း စိစစ်တွေ့ရှိ ရသဖြင့် ပြန်လွှတ်ပေးခဲ့သည့်အပြင် ပြင်ဖြူနယ်မြေရဲစခန်းမှ မသင်္ကာ၍ ဖမ်းဆီး စစ်ဆေးနေသူတစ်ဦးကိုလည်း အာမခံဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သည်။
မသင်္ကာ၍ စစ်တွေမြို့မရဲစခန်း၌ ဖမ်းဆီးစစ်ဆေးခြင်းခံထားရသူသုံးဦး၊ မောင်တောမြို့မရဲစခန်းမှ နှစ်ဦး၊ ငါးခူရနယ်မြေရဲစခန်းမှ ၃၄ ဦး၊ ပြင်ဖြူနယ်မြေရဲစခန်းမှ ၃၅ ဦး စုစုပေါင်း ၇၄ ဦးကိုမူ ရီမန်ယူ၍ ဆက်လက်စစ်ဆေး လျက်ရှိသည်။ ထိုသို့စစ်ဆေးရာတွင် နှိပ်စက်ညှင်းပန်းမှုမပြုလုပ်ဘဲ အိပ်ချိန်၊ စားချိန် စနစ်တကျစီစဉ်ထားရှိသည့်အပြင် စစ်ဆေးမှုအားလုံးကိုလည်း ဗီဒီယိုမှတ်တမ်းတင်ထားရှိကြောင်းသိရသည်။
ထို့ပြင် ဖမ်းဆီးစစ်ဆေးနေသူများတွင် ကျန်းမာရေးလိုအပ်ချက်ရှိပါက ဆေးကုသမှုများကိုလည်း ဆရာဝန် များနှင့် ကျန်းမာရေးဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ ကုသစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment