Tuesday, November 1, 2016

ရာသီဥတုဆိုင်ရာ ဘေးဒဏ်ခံနိုင်မှုအညွှန်းကိန်း ကနဦး ဆန်းစစ်မှု အလုပ်ရုံဆွေးနွေးပွဲ မအူပင်မြို့တွင် ပြုလုပ်


မအူပင် နိုဝင်ဘာ ၁
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် SEEDS ASIA တို့ ပူးပေါင်း၍ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်တွင် ကမ်းရိုးတန်းဒေသရှိ ရပ်ရွာလူထု သဘာဝဘေးဒဏ်ခံနိုင်မှုအညွှန်ကိန်း ကနဦး လေ့လာဆန်းစစ်မှုနှင့် မအူပင်ခရိုင် အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရာသီဥတုဆိုင်ရာ ဘေးဒဏ်ခံနိုင်မှု သုသေသနပြုလုပ်မှု အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီက ခရိုင် အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။


အဆိုပါဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကမ်းရိုးတန်းဒေသ ရပ်ရွာလူထုအခြေခံ သဘာဝဘေးဒဏ်ခံနိုင်မှု အညွှန်းကိန်း ကနဦး လေ့လာဆန်းစစ်မှု (CDRI) နှင့် ပတ်သက်၍ သုသေသနပြုလုပ်ပြီးစီးမှု ရလဒ်များကို ဆွေးနွေးမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (SEEDS ASIA) မှ တာဝန်ရှိသူ ဦးစိုးပြည့်အောင်က ပြောကြားပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး SEEDS ASIA PROJECT MANAGER MR.SHIGEHIRO SHINATA က သုသေသနပြုလုပ်မှုနှင့် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည် အလုပ်ရုံဆွေးနွေးပွဲသို့ မအူပင်ခရိုင်အတွင်းရှိ မြို့ပြအင်ဂျင်နီယာဌာနနှင့် အရာရှိအဆင့် ၂၈ ဦး တက်ရောက်ပြီး သုသေသနပြုချက်များတွင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် စီမံကိန်းများကို ရေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်) 

No comments:

Post a Comment