Friday, November 11, 2016

ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စနစ်တကျဧက (၁၀၀) မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဆိပ်ဖြူ          နိုဝင်ဘာ     ၁၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်    စနစ်တကျဧက(၁၀၀) ကွင်းအမှတ် ၁၁၂၂/၁၉၄၂၊ မြင်က၀ကျွန်းကွင်း၊ ဦးပိုင်အမှတ် ၁၀၉/၁ တောင်သူ ဦးလှဦး၏ GAP စနစ်ဖြင့်စိုက်ပျိုးခဲ့သည့် ဆင်းသုခ မိုးစပါစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီတွင်ပြုလုပ်သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားတွင်  အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်ကိုနှင့် ၀န်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်အေးကြူနှင့် ၀န်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ၀န်ထမ်းများက စနစ်တကျဧက(၁၀၀)တောင်သူဦးလှဦး၏ ဒဿမ ၁၀ မိုးစပါး ထွက်နှုန်းစံကွက် ရိတ်သိမ်းတွက်ချက်ခဲ့ သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ စပါးစိုက်တောင်သူများ အတွက်ကူညီ ပံ့ပိုးကူညီပေးသည့်  KUBOTA (DC-706) စပါးရိတ်သိမ်းချွေလေ့စက် ဖြင့် ရိတ်သိမ်းပေးခဲ့ပြီး မိုးစပါး စံကွက် တစ်ဧကထွက်နှုန်း စပါး အစို ၁၂၅ တင်း၊ အခြောက် ၁၁၄တင်းထွက်ရှိခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ စပါးစိုက်တောင်သူများ အတွက် ပံ့ပိုး ကူညီပေးသည့်  KUBOTA (DC-706) စပါးရိတ်သိမ်းချွေလေ့စက်သည် စပါးစိုက်ပျိုးထုတ်လုပ်သူများအတွက်  အကျိုးဖြစ်ထွန်း ကြောင်း ပုံမှန်စပါး(၁)ဧက စပါးရိတ်သိမ်း ဆောင်ရွက်လျှင် စပါးရိတ်သိမ်းလုပ်သား (၂၀)ဦးခန့်ဆောင်ရွက်ရပြီး တနေ့လုပ်သား တစ်ဦး(၅)ထောင်ကျပ်ဖြင့် လုပ်သား(၂၀) ဦးအတွက် ၁သိန်းကျပ်ကုန်ကျမှုရှိကြောင်း ၊  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ စပါးစိုက်တောင်သူများ အတွက် ပံ့ပိုးကူညီပေးသည့်  KUBOTA (DC-706) စပါးရိတ်သိမ်းချွေလေ့စက်သည် (၁)ဧက လျှင် လေးသောင်းကျပ်သာကုန်ကျမှာဖြစ်ကြောင်း၊    တောင်သူများနေဖြင့်  စပါးလေလွင့်ဆုံးရှုံးမှု၊ အချိန်ကုန်သက်သာစေပြီး လုပ်သားရှာပါးမှုပြဿနာများနှင့်  စပါးရိတ်သိမ်းလုပ်သား စရိတ်များပါ သက်သာလာမည်ဖြစ်ကြောင်း စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူ ဦးဝင်းဦးမှ ပြောကြားသိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment