Friday, November 11, 2016

အလုပ်သမားဥပဒေပါ သိကောင်းစရာများအား အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

လွိုင်ကော်           နိုဝင်ဘာ ၁၁
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လွိုင်ကော်ခရိုင်ရုံးမှ လွိုင်ကော်မြို့နယ်အတွင်းရှိ အလုပ်သမားများ နှင့် အလုပ်ရှင်များအား ဌာနမှစည်းကြပ်သည့်ဥပဒေများကို သိရှိလိုက်နာနိုင်စေရန် အလုပ်သမားများ ဥပဒေပါ ရပိုင်ခွင့်များကို ပြည့်ဝစွာရရှိစေရေးအတွက် နိုဝင်ဘာလ ၁၁ ရက်နေ့ ၊ နံနက် ၁၁ နာရီအချိန်က လွိုင်ကော်မြို့ ဒေါဥခူ ရပ်ကွက်ရှိ Loikaw Princess Motel တွင် အလုပ်သမားရေးရာအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

”၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ၊ ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေးဥပဒေတွေကို အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ သိရှိနားလည်လိုက်နာစေဖို့ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ပေးတာပါ” ဟု လွိုင်ကော်ခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဆွေ က ဆွေးနွေးပွဲတွင် ပြောကြားခဲ့ သည်။
လွိုင်ကော်ခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် စက်ရုံ ၊ အလုပ်ရုံ၊ ဆိုင်များ နှင့် အလုပ် ဌာနများရှိ အလုပ်သမားများနှင့်အလုပ်ရှင်များအား အလုပ်သမားရေးရာအသိပညာပေးဆွေးနွေးပွဲများကို သြဂုတ်လမှ စတင်၍ ယနေ့အထိ အကြိမ်(၂၀) ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment