Friday, November 11, 2016

စားသုံးသူရေးရာဦးစီးဌာနအငြင်းပွားဖြေရှင်းရေးဆွေးနွေး

ကျောက်ဆည်      နိုဝင်ဘာ      ၁၁ 
ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်သော စားသုံးသူ အငြင်းပွား ဖြေရှင်းဆွေးနွေးပွဲကို နိုဝင်ဘာလ (၁၁)ရက်နံနက် (၁၁)နာရီက ကျင်းပကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်စားသုံးသူ အငြင်းပွားမှူ ဖြေရှင်းရေးအဖွဲ့ ဥက္ကဌခရိုင် အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်  ကစားသုံးသူ ကာကွယ်ပေးရေး ဥပဒေ ပြဌာန်းပေးခဲ့မှူကြောင့် နိုင်ငံတော်အတွက်ကြီးမားသော အောင်မြင်မှူဖြစ်ကြောင်း စားသုံးသူ အငြင်းပွား ဖြစ်လာလျှင် ဖြေရှင်းဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များ စားသုံးသူ အငြင်းပွားဖြေရှင်းရေး အဖွဲ့များဖွဲ့စည်းပေးခဲ့ကြောင်း ပြောကြား၍ အဖွဲ့ဝင်    (၇)ဦးက ကဏ္ဍအလိုက်ဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးမိုးက ဌာနအနေဖြင့် ကျောက်ဆည်ခရိုင် ပြင်ဦးလွင်ခရိုင်တို့တွင် တာဝန်ယူဆောင်ရွက်နေကြောင်း စားသုံးသူ အကာကွယ်ပေးရေး    ဟောပြောပွဲများကို ရပ်ကွက်၊ ကျေးရွာ၊ စာသင်ကျောင်း၊ ဈေးများတွင် ဟောပြောဆွေးနွေးနေကြောင်း သတင်းရရှိသည်။

ကျောက်ဆည် (ပြန်/ဆက်)

No comments:

Post a Comment