Thursday, November 10, 2016

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေး


နေပြည်တော်  နိုဝင်ဘာ  ၉
နေပြည်တော် ဇေယျာသီရီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၉ ရက်နေ့နံနက် ၁၀ နာရီက ကျွန်းရောင်းကျေးရွာအုပ်စု ရွှေပေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၏ နေအိမ်တွင် ပြုလုပ်ရာ ဇေယျာသီရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း၊ နေပြည်တော် ပြည်ခိုင်ဖြိုး ပါတီနာယက ဦးဖေသန်းဦး၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးနောင်နောင်နှင့် ရပ်မိရပ်ဖများ၊ ဒေသခံများ တက်ရောက် ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများအပြင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေးနှင့် ရပ်ရွာအလိုက် လုံခြုံရေးများ ဆောင်ရွက်ထားရှိရန် ပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တက်ရောက်လာသူများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား စိစစ်ပေးရန်နှင့် လက်ရှိဖွံ့ဖြိုးရေး ကော်မတီဝင်များအား ပြန်လည်ဖွဲ့စည်းပေးရန် တင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment