Thursday, November 10, 2016

ကျေးရွာမြစိမ်းရောင်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊မွေးမြေူရေး၊ အရောင်းအဝယ် လုပ်ငန်းနှင့် စာရင်းဇယားများ စစ်ဆေး

တပ်ကုန်း        နိုဝင်ဘာ           
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး  တက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် သပြေကုန်း ကျေးရွာသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဇာဝေနှင့် ဝန်ထမ်းများ၊ မွေးမြေူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူများလိုက်ပါ၍
နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ငွေစာရင်းလချုပ်ပုံစံများစစ်ဆေးခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား    ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။  

တပ်ကုန်း (ပြန်/ဆက်)

No comments:

Post a Comment