Friday, November 4, 2016

လိုင်စင်မဲ့ ဆေးဝါးများရောင်းချခြင်း မပြုရန် ကွင်းဆင်းဆောင်ရွက်


ကျောက်တံခါး နိုဝင်ဘာလ ၃
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် ဖဒိုမြို့ပေါ်ရှိ ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ခွင့်ပြုချက်မရှိသော ဆေးဝါးများ လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန် နိုဝင်ဘာလ (၃) ရက် နံနက် ၉ နာရီ ၃၀ မိနစ်  အချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဆေးဆိုင်များအား စစ်ဆေးရာတွင် ဖဒိုမြို့အုပ်ချုပ်ရေးမှူးနှင့် ဖဒိုနယ်မြေစခန်းမှူး မြို့စည်ပင်သာယာရေး တိုက်နယ် ဆရာဝန် မြို့မီးသပ်တပ်ဖွဲ့ ရပ်ကွက်/ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။



(မြို့နယ်/ပြန်ဆက်)

No comments:

Post a Comment