Monday, November 21, 2016

Ceremony to mark 27th anniversary of signing of the UN Convention on Child rights observed

November 21, 2016

A ceremony to mark the 27th anniversary of signing of the UN Convention on the rights of the Child which falls on 20th November was observed at the U Ottama Hall in Sittway, Rakhine State, Sunday.

In the opening address, Rakhine State Finance, Revenue, Planning and Economic Minister U Kyaw Aye Thein said that everyone should enjoy equal rights and separate rights will be pledged for children same as other people.

It was followed by entertainment from the children from Sittway Child Care Center. The State Finance, Revenue, Planning and Economic Minister, the State Development Affairs Minister, the State Advocate-General and the State Auditor General presented prizes to winners in an essay competition , “Development is our Rights”, “To promote rights of Child” and a painting contest.

The children from kindergartens in Sittway entertained with performances and drama on the child protection from violence. It was followed by a second session where attendees viewed children playing.

The State Finance, Revenue, Planning and Economic Minister, the State Development Affairs Minister, the State Advocate-General, the State Auditor-General and State Level officials, teachers and INGOs attended the ceremony.
==================================================================================
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

စစ်တွေ နိုဝင်ဘာ ၂၀

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျရောက်သော (၂၇)နှစ်မြောက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်(၉)နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက လူသား တိုင်းသည် တူညီသော အခွင့်အရေးများကို အပြည့်အ၀ ခံစား ရမည်ဟု ယုံကြည်ကြရာတွင် ကလေးသူငယ် များသည် လည်းလူသားများဖြစ်သည့် အားလျော်စွာ အခြားသူများနှင့် တန်းတူအခွင့်အရေး ရရှိသင့်သည်ဟုနားလည် အသိ အမှတ်ပြုမှုဖြင့် ကလေး သူငယ်များကိုယင်းတို့အတွက် သီးခြားအခွင့်အရေးများ အာမခံချက်များပေးသွား ရမည်ဖြစ် ကြောင်း အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက်စစ်တွေ ကလေးပြုစုရေးဌာနသားငယ်၊ သမီးငယ်များကဒို့ချစ်တဲ့ကမ္ဘာ သီချင်းဖြင့် ဖျော်ဖြေကြပြီး ဖွံ့ဖြိုးတိုး တက်ရေးသည် တို့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးများ ပိုမိုမြှင့်တင်ပေး၊ ခေါင်းစဉ်များဖြင့် စာစီစာကုန်းပြိုင်ပွဲ များတွင် ဆုရရှိကြသည့် အထက်တန်း၊ အလယ်တန်းအဆင့်ကျောင်းသား/ သူများအားပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီပွားရေးဝန်ကြီးနှင့် ပြည်နယ်စည်ပင်သာရေး ၀န်ကြီးကလည်းကောင်း၊ NFE အဆင့်မူလတန်း၊ အလယ်တန်းပန်း ချီပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား/သူများအား ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်း စစ်ချုပ်တို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် စစ်တွေမှုလတန်းကြိုကျောင်း သားငယ်/ သမီးငယ်များက ဂျိုကာသီချင်းဖြင့် လည်းကောင်း၊ စိန်အဲန့် မူလတန်းကြို ကျောင်းသားငယ်/သမီးငယ်များမှ အပန်းဖြေအနားယူမှု၊ ကစားခြင်းတေးသရုပ်ဖော်ဖြင့် လည်းကောင်း၊ ရွှေရည်ဦးမှုလတန်း ကြိုကျောင်းသားငယ်/ သမီးငယ်များမှ ခေါင်းပုံဖြတ်ခြင်းတေး သရုပ်ဖော်ဖြင့်လည်းကောင်း၊ ရွှေပျိုခင်းမှုလ တန်းကြို ကျောင်းသားငယ်/ သမီးငယ်များမှလျစ်လျူရှုခြင်း တေးသရုပ်ဖော်ဖြင့် လည်းကောင်း၊ ပြည်တော် သာရပ်ကွက် မိခင်နှင့်ကလေးကိုယ်အား ကိုယ်ကိုးမှုလတန်း ကြိုကျောင်းသားငယ်/ သမီးငယ်များမှ ပူးပေါင်းပါဝင်ခွင့် အခွင့်အရေး၊ တေးသရုပ်ဖော်ဖြင့် လည်းကောင်း၊ ဆတ်ရိုးကျရပ်ကွက် ကလေး သူငယ်များမှ အကြမ်းဖက်မှု ကာကွယ် တားဆီးပေး ပြဇာတ်တိုဖြင့် ဖျော်ဖြေတင်ဆက် ပေးကြသည်။
ထို့နောက်အစီအစဉ် ဒုတိယပိုင်းတွင် တက်ရောက်လာကြသူများက ဦးဥတ္တမပန်းခြံအတွင်း ဌာနဆိုင်ရာနှင့် INGO အဖွဲ့အစည်းများ၏ ပျော်ရွှင်ဖွယ်ရာကလေးကစားနည်းမျိုးစုံဖြင့် ကလေးများ ကစားနေကြ သည်ကိုလှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ယနေ့အခမ်းအနားသို့ ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီပွားရေးဝန်ကြီး၊ ပြည်နယ် စည်ပင်သာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ် နှင့်ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ မှုလတန်းကြို ကျောင်းများမှ ဆရာမများနှင့် သားငယ်/သမီးငယ်များနှင့်INGO အဖွဲ့အစည်းများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment