Friday, November 11, 2016

အောင်လံ-သမ္ဘူလ ကားလမ်းပေါ်ရှိ ကွန်ကရစ်တံတား ရေတိုက်စား၍ပြိုကျ


အောင်လံ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင်  အောင်လံမြို့နယ်တွင်၊  နိုဝင်ဘာလ(၁၁)ရက်နေ့  နံနက်()နာရီအချိန်က အောင်လံမြို့၏ အရှေ့ဘက် ()မိုင်ခန့်အကွာ အောင်လံ-သမ္ဘူလကားလမ်းပေါ်ရှိ  အလျှား(၄၅)ပေ အနံ(၁၈)ပေ  အမြင့် (၁၃)ပေရှိ ကွန်ကရစ်တံတားမှာ ညပိုင်းက မိုးရွာသွန်းမှုများပြားသဖြင့် ရေတိုက်စားပြီး လုံးဝပြိုကျ ပျက်စီးခဲ့သည်။

ရေတိုက်စားမှုဖြစ်ပွားရာနေရာသို့ ယနေ့နံနက်ပိုင်းတွင်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်         တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးကျော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးတိုးကြည်နှင့်ဝန်ထမ်းများ နယ်မြေခံတပ်ရင်းမှ အရာရှိများ၊ မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများ လာရောက်ကြပြီး ကားများ ဆိုင်ကယ်များ ဆက်လက်၍ ဆက်သွယ်သွားလာနိုင်ရေးအတွက် တံတားဘေး ချောင်းအတွင်း မြေထိုးစက်ဖြင့် ယာယီလမ်းဖောက်၍ ဆောင်ရွက်ထားရှိသဖြင့် ယခုအခါအရှိန်အဟုန်မပျက် ဆက်သွယ်သွားလာနိုင်ကြပြီဖြစ်ကြောင်းသိရသည်။

သိန်းလွင်(ပြန်ဆက်)

No comments:

Post a Comment