Friday, November 11, 2016

(၁၇)ကြိမ်မြောက်ဌာနပေါင်းစုံ မဟာဘုံကထိန်ပွဲတော် ပင်လည်ဘူးမြို့၌ ကျင်းပ

ပင်လည်ဘူး   နိုဝင်ဘာ  ၁၁
 စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့၌ (၁၇)ကြိမ်မြောက်ဌာနပေါင်းစုံမဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ ၁၁ ရက် နံနက် ၇ နာရီအချိန် မြို့နယ်အားကစား ခန်းမ၌ စုစည်း၍ ငွေပဒေသာပင်များကို မြို့မ-၂ ရပ်ကွက် လေးထပ်မာန်အောင် ဘုန်းတော်ကြီးကျောင်းသို့ သာယာအေးချမ်းစွာ စည်တန်းလှည့်လည်ခဲ့ကြသည်။

ထို့နောက် လေးထပ်မာန်အောင် ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးသုဘောဓနှင့်ဆရာတော်အရှင်မြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆည်းကပ်လှူဒါန်းကာ ဆရာတော်ကြီးတစ်ပါးမှ ကထိန်အလှူ အလှူရေစက်လက်နဲ့မကွာနိဗ္ဗာန်ရောက်ကြောင်း တရားတော်ကိုဟောကြားခဲ့သည်။
(၁၇)ကြိမ်မြောက်ဌာနပေါင်းစုံမဟာဘုံကထိန်၏စုပေါင်း အလှူတော်ငွေနှင့်ပစ္စည်းတန်ဖိုးမှာ စုစုပေါင်း ငွေကျပ်သိန်း ၈၅၆၂၁၀၀ (ရှစ်ဆယ့်ငါးသိန်းခြောက်သောင်းနှစ်ထောင် တစ်ရာကျပ်)ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment