Monday, November 7, 2016

မြို့နယ်အုပ်ချုပ်ရေးမှူး ဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

ရေး နိုဝင်ဘာ ၆
မွန်ပြည်နယ် ရေးမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စု အသက်၂၃နှစ်အောက် (အမျိုးသား) မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ရေးမြို့မ အားကစားကွင်း၌ နိုဝင်ဘာ ၆ ရက်က ကျင်းပရာ သီရိနန္ဒာရပ်ကွက်အသင်းနှင့် ကျောင်းရွာကျေးရွာအသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့ကြပြီး ကျောင်းရွာကျေးရွာအသင်းက သီရိနန္ဒာရပ်ကွက်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ပြိုင်ပွဲအပြီးတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ကျောင်းရွာကျေးရွာအသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ဆုချီးမြှင့်ပြီး တစ်ဦးချင်း ထူးချွန် အားကစားသမားဆုများကို ဌာနဆိုင်ရာ တာဝန်ရှိ သူတို့က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment