မိတ္ထီလာ နိုဝင်ဘာ ၇
မန္တလေးတိုင်းသေကြီး၊
မိတ္ထီလာမြို့ ရန်မျိုးအောင် ရပ်ကွက်အတွင်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း၌
နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည် ၁ နာရီက စစ်ကျန်ဗုံးသီးဟောင်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့
ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ နေထိုင်သည့်
မောင်ရဲဝင်းအောင် (၂၀)နှစ် (ဘ)ဦးအောင်စိုးနှင့်အတူ ၎င်း၏ ညီဝမ်းကွဲ တော်စပ်သူ မောင်ကောင်းခန့်သူ
(၁၃)နှစ် (ဘ) ဦးမြင့်ဦး (၈)တန်း ကျောင်းသားတို့(၂)ဦးသည် သူငယ်ချင်းများနှင့်အတူ
ကျောင်းဝင်းအတွင်းရှိ ဘောလုံးကွင်းသို့ ဘောလုံးကန်ရန် လာရောက်စဉ် သေတ္တာ သံကိုင်း ခလုတ်ကို
တိုက်မိသဖြင့် တူးဖော်ကြည့်ရာ သေတ္တာ(၂)လုံး တွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတွေ့ရှိသည့်သေတ္တာ(၂)လုံးအား
ဖွင့်ဖောက်ကြည့်ရှု့ရာ သေတ္တာများ အတွင်းမှ အချင်း(၅)လက်မ၊
အလျား (၁)ပေခန့်ရှိ ဒလက်ပါ စစ်ကျန်ဗုံးသီးဟောင်း သေတ္တာတစ်လုံးလျှင် (၅)လုံးခန့် စုစုပေါင်း(၁၀)လုံးကို
တွေ့ရှိခဲ့သဖြင့် ကျောင်းစောင့်ဖြစ်သူ ဦးမြင့်ဦး (၄၉) နှစ် (ဘ) ဦးဇော်ဦးမှ အမှတ်(၂)
ရဲစခန်း သို့ အကြောင်းကြားရာ ရဲအုပ်သတိုးနှင့် တပ်ဖွဲ့ဝင်များမှ လာရောက် သိမ်းဆည်းခဲ့ပြီး
အမှတ်(၉၁၀) စစ်မြေပြင် အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးထိုက်အောင်ထံသို့ စနစ်တကျ လွှဲပြောင်းခဲ့ကြောင်း
သတင်းရရှိသည်။
မြို့နယ်
(ပြန်/ဆက်)
No comments:
Post a Comment