ဒီးမော့ဆို နိုဝင်ဘာ ၇
(၂၈) နှစ်မြောက် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
နှစ်ပတ်လည်နေ့ အခမ်းအနားကို နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီတွင် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက အငြိမ်းစား
ယူသွားသော ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများအား အမှတ်တရ
လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်း၊ ဦးဘော်ရယ်စိုးဝေနှင့် ဌာနဆိုင်ရာများ၊
ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ကြကြောင်း
သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်
No comments:
Post a Comment