Tuesday, November 22, 2016

ဒေသဖွံ့ဖြိုးရေး ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံ

ဘားအံ  နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်  ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘားအံ မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို  နံနက် ၁၀ နာရီအချိန်က ဇွဲကပင် ခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲသို့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ( ၇၄ ) ဦး၊ စာရေးဝန်ထမ်း ( ၈၁ ) ဦး၊ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၅၃)ဦး စုစုပေါင်း(၁၉၈)ဦး တက်ရောက်ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က လမ်းညွှန်အမှာစကား  ပြောကြ၍ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေက အုပ်ချုပ်မှု  ပြုပြင် ပြောင်းလဲရေး ကဏ္ဍတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယို(Clip)ပြသခဲ့ပြီး တက်ရောက်လာကြ  သောရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ၊ရေရရှိရေး၊ စိုက်ပျိုးမွေးမြူရေး အစရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment