Friday, November 25, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ် တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ နိုဝင်ဘာ ၂၅
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Liu Zhenmin နှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ် General Xu Fenlin တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး က မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အစဉ်အသိအမှတ်ပြု လေးစားမှု ရှိကြောင်းနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ဆောင်ရွက်ချက်များအပေါ် ထောက်ခံမှုရှိကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အရှေ့မြောက်ဒေသတွင် ဖြစ်ပွားနေသည့် KIA ၊ TNLA ၊ MNDAA လက်နက်ကိုင်တစ်ဖွဲ့ချင်း၏ နောက်ခံသမိုင်းကြောင်းနှင့် အကြမ်းဖက်လုပ်ဆောင်မှုများ၊ တပ်မတော်မှ နယ်မြေရှင်း လင်းလုပ်ဆောင်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

No comments:

Post a Comment