Thursday, November 3, 2016

မအူပင်မြို့ မီးပြတ်တောက်မှုနည်းပါးရန်ဆွေးနွေးပွဲဆောင်ရွက်

မအူပင် ၊ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မီးပျက်ရသည့်ရက်များသဖြင့် မြို့လူထုအနေဖြင့် ဆန္ဒဖော်ထုတ်မှုများ ဆောင်ရွက်ပြီးနောက် မီးအားပြည့်မီစွာ မီးလင်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးအောင်ဇော်ဝင်းမြို့မိ/မြို့မဦးအောင်ဝင်းတို့ တက်ရောက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးမှ မီးအားပြည့်မီစွာ မီးလင်းစေရေး၊ မည်သို့ဆောင်ရွက်ရမည်ကို မေးမြန်းဆွေးနွေးရာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာက ကျိုက်လတ်မြို့တွင် 230 KV ဓာတ်အားခွဲရုံ တည်ဆောက်ရန် ဆောင်ရွက်လျှက်ရှိပြီး၊ ဓာတ်အားခွဲရုံ ဆောက်လုပ်ပြီးပါက မအူပင်မြိုကအား မီးအားပြည့်မီစွာပေးနိုင်မည် ဖြစ်ကြောင်း ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ဓာတ်အားခွဲရုံမှ ဆက်သွယ်ယူဆောင်ရပြီး မိုင် (၅၀)ကျော်ကွာဝေးသည့်အတွက် မီးအားပြည့်ဝမှုမရရှိ ကြောင်း ပြည်သူတွေတောင်းဆိုမှုများအား အထက်မှ ညွှန်ကြားလာပါက ဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြားသည်။ မြို့လူထုအနေဖြင့် မြို့မီးလင်းရေးအတွက် လိုအပ်လျှက်ရှိကြောင်း သတင်းရရှိသည်။

မအူပင်ခရိုင် (ပြန်/ဆက်) 

No comments:

Post a Comment