Tuesday, November 22, 2016

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် ကော်မတီလုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေး

ရမည်းသင်း၊ နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုစည်းခန်းမတွင် နိုင်ဝင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲက ရမည်းသင်း ခရိုင်အတွင်း ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များရှိ ဟိုတယ်၊ မိုတယ်၊ အင်း ၊ တည်ခိုခန်းပိုင်ရှင်များနှင့် စက်ရုံ အလုပ်ရုံ ပိုင်ရှင်များ သိရှိလိုက်နာရမည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ ရှင်းလင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ရမည်းသင်းခရိုင်အတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်ခိုခန်းပိုင်ရှင်များနှင့် စက်ရုံအလုပ်ရုံပိုင်ရှင်များ တက်ရောက်ကြပြီး ရှေးဦးစွာ ရမည်းသင်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးမှ အမှာစကားပြောကြားပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရမည်းသင်းခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဌာန်းချက်များနှင့် ကော်မတီလုပ်ငန်းတာဝန်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။ ထိုနောက် တက်ရောက်လာသူများက ဥပဒေပြဌာန်းချက် သိရှိ လိုသည်များကို မေးမြန်းရာ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းမှ ပြန်လည်ရှင်းလင်း  ဆွေးနွေးခဲ့ကြောင်း သိရသည်။
(ရမည်းသင်း၊ ပြန်/ဆက်)  

No comments:

Post a Comment