Tuesday, November 22, 2016

မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း ၊ အမှတ်စဉ် ( ၁၁၂) မြန်မာနိုင်ငံမြေတိုင်း ကျောင်း၊ အခြေခံမြေတိုင်းသင်တန်း၊ အမှတ်စဉ် (၇၅) ကျောင်းဆင်း စစ်ရေးပြနှင့် ကျောင်းဆင်း အောင်လက်မှတ် ပေးအပ်ပွဲကျင်းပ

ပြင်ဦးလွင်၊ နိုဝင်ဘာ  ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တော-ပညာသင်တန်း ၊ အမှတ်စဉ် ( ၁၁၂) ၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ အခြေခံမြေတိုင်းသင်တန်း ၊အမှတ်စဉ် (၇၅) ကျောင်းဆင်း စစ်ရေးပြအခမ်းအနားကို ယနေ့နံနက် (၇း၃၀) နာရီက ပြင်ဦးလွင်မြို့၊ စစ်ရေးပြကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ အလံကိုင်တပ်ဖွဲ့နှင့် သင်တန်းဆင်း တပ်ခွဲများမှ နေရာယူကာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား သင်တန်းဆင်းတပ်ခွဲများမှ အလေးပြုခြင်း၊ မြန်မာနိုင်ငံသစ်တောကျောင်းနှင့် မြန်မာနိုင်ငံ မြေတိုင်းကျောင်းများမှ သင်တန်းထူးချွန်ဆုရ သင်တန်းသားများနှင့် စစ်ရေးပြ အကောင်းဆုံး တပ်ခွဲဆုကို ပြည်ထောင်စု ၀န်ကြီးက ဆုများချီးမြှင့်ပေးပြီး သင်တန်းဆင်း မိန့်ခွန်းမြွက်ကြားခဲ့ရာ အလံကိုင်တပ်ဖွဲ့နှင့် သင်တန်းဆင်းတပ်ခွဲများမှ ပြည်ထောင်စုဝန်ကြီးအား ချီတက်အလေးပြု၍ စစ်ရေးပြကွင်း အတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း ၊ အမှတ်စဉ်( ၁၁၂) ၊ မြန်မာနိုင်ငံ မြေတိုင်း ကျောင်း၊ အခြေခံမြေတိုင်း သင်တန်း၊ အမှတ်စဉ် (၇၅) ကျောင်းဆင်း အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို နံနက် (၉)နာရီတွင် မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး-၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက မြန်မာနိုင်ငံသစ်တောကျောင်းမှ အဆင့်(၁)မှ (၃) ထိ ဆုရရှိသူများအား လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး-၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဆင့် (၄) မှ (၆)ထိ ဆုရရှိသူများအားလည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က အဆင့် (၇) မှ (၈) ထိ ဆုရရှိသူများအား လည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက အဆင့် (၉) မှ (၁၀) ထိ ဆုရရှိသူများအား လည်းကောင်း၊ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဦးသန်းလှိုင်က မြေတိုင်းထူးချွန်ဆု ရရှိသူ သင်တန်းသားအား လည်းကောင်း၊ သစ်တောကက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာမြင့်ဦးက မြန်မာနိုင်ငံသစ်တောကျောင်းမှ ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသော သင်တန်းသား (၃) ဦးအား လည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး-ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက မြန်မာနိုင်ငံသစ်တော ကျောင်းမှ ဘာသာရပ်အလိုက်ထူးချွန်ဆုရရှိသော သင်တန်းသား (၃) ဦးအားလည်းကောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးဝင်းဇော်က မြန်မာနိုင်ငံ သစ်တောကျောင်းမှ ဘာသာရပ် အလိုက်ထူးချွန်ဆုရရှိသော သင်တန်းသား (၂) ဦးအားလည်းကောင်း၊ သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေး နှင့် ထိန်းသိမ်းရေးအသင်းဥက္ကဌ ဦးသန်းနွယ်က  အမှတ်စဉ် (၁၁၂) မှဘက်စုံထူးချွန်ဆုရရှိသော သင်တန်းသား အား ရွှေတံဆိပ်ဆုကိုလည်းကောင်း၊  ရွှေသပြေ ကုမ္ပဏီမှဦးသိန်းဝင်းက စာပေထူးချွန်ဆုရရှိသော သင်တန်းသား အား ရွှေတံဆိပ်ဆု ကိုလည်းကောင်း အသီးသီးဆုများချီးမြှင့်ကြပြီး မြန်မာနိုင်ငံသစ်တောကျောင်းသို့ အလှူရှင်များ မှ အလှူငွေများ ပေးအပ်လှူဒါန်းကြ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်း-ဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၀န်ကြီး၊ ဌာနအကြီးအကဲများနှင့် ဆုရ သင်တန်းသားများ စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီးမှ ၂၀၁၆ ခုနှစ် ၊ အခြေခံသစ်တော-ပညာသင်တန်း၊ အမှတ် (၁၁၂) မှ သင်တန်းသားများအား အဆင့်အလိုက် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာန၊ ညွှန်ကြားရေးမှူးက ၂၀၁၆ ခုနှစ်၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ် (၁၁၂) မှ သင်တန်းသား များ အား တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးသည့် အမိန့်စာများအားပေးအပ်ခဲ့ကာ မြန်မာနိုင်ငံ-မြေတိုင်း ကျောင်း ကျောင်းအုပ်ကြီးက အခြေခံမြေတိုင်းသင်တန်းအမှတ်စဉ် (၇၅) မှ သင်တန်းဆင်း ကျောင်းသားများအား အဆင့် အလိုက် သင်တန်းဆင်းအောင်လက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင်)  

No comments:

Post a Comment