Monday, November 21, 2016

မြန်မာ့ရိုးရာလက်မှုပညာပစ္စည်းများရောင်းအားကောင်းလျက်ရှိ


မန္တလေး၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံ၏ ရေမြေတောတောင်သဘာဝအလှ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြန်မာ့ရိုးရာ အနုပညာ ပစ္စည်းများအား တစ်နေ့ထက်တစ်နေ့ ကမ္ဘာက သိရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား လာရောက်လည်ပတ်မှု များပြား လျက်ရှိရာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေကျောင်းကြီးရှေ့တွင်ရှိသော လက်မှုပစ္စည်း အရောင်းဆိုင် များ၌ မြန်မာ့ရိုးရာ လက်မှုပညာပစ္စည်းများဖြစ်သော ကျောက်ပန်းပုများ၊ အသားပန်းပု၊ ကြေးသွန်းရုပ်များ၊ ရုပ်သေးရုပ်များ၊ ရှေးခေတ်အသုံးအဆောင်ပစ္စည်းများ၊ ရောင်းချလျက်ရှိရာ ပြည်ပခရီးသွားလာရောက်မှုများပြား၍ အဆိုပါ မြန်မာ့ရိုးရာ လက်မှုပညာပစ္စည်း များရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ ဒီမြန်မာ့ရိုးရာပစ္စည်းလေးတွေက ယခုလမှ သိသိသာသာရောင်းအား ကောင်းလာတာပါ၊ ဒီပစ္စည်းတွေက ပြည်ပခရီးသွားတွေ အများဆုံးဝယ်ယူတာဆိုတော့ နိုင်ငံခြားသားများများလာမှ များများရောင်းရတာ၊ ခရီးသွား ဧည့်လမ်းညွှန်တွေပေါ်မှာလည်း မူတည်တယ်၊ သူတို့က ဒီလက်မှုပညာပစ္စည်းအကြောင်းတွေရှင်းပြရင် ပိုမိုဝယ်ယူကြောင်း၊ ယခုရက်ပိုင်းတော့ ပြည်ပခရီိးသွားလာတာများတော့ ရောင်းအား ကောင်းပါတယ်၊ ဈေးနှုန်းကတော့ အစားစားပဲ၊  ပစ္စည်းပေါ် မူတည်တာပေါ့၊ သူတို့က မြန်မာ့ရိုးရာလက်မှုပစ္စည်းလေးတွေ အမှတ်တရ ၀ယ်ယူကြကြောင်း’’ မန္တလေးမြို့ ရွှေကျေင်းကြီးရှေ့တွင် ရောင်းချနေသော မြန်မာရိုးရာလက်မှုပစ္စည်း အရောင်းဆိုင်ရှင်တစ်ဦး ကပြောပြသည်။
မန္တလေးမြို့သို့ ပြည်ပခရီးသွား လာရောက်လည်ပတ်မှု များပြားလျက်ရှိရာ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသော အလုပ်အကိုင်များ အများဆုံးအဆင်ပြေလျက်ရှိပြီး မြန်မာလက်မှုပညာပစ္စည်း အရောင်းဆိုင်များလည်း အရောင်းအ၀ယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment