Monday, November 21, 2016

မြို့နယ်အဆင့် မြန်မာစာအရေး နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ


နတ်တလင်း နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် အခြေခံပညာ မူလတန်းကျောင်း (မူလွန်) ပတ္တမြားခန်းမ၌ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၏ မြို့နယ်အဆင့် မြန်မာစာအရေးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြိုင်ပွဲကျင်းပရခြင်းအကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းချက်များ၊ အမှတ်ပေးစနစ်များကို ဗဟို(မူလွန်) ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်မှ ဖတ်ကြားရှင်းလင်း တင်ပြသည်။ မြန်မာစာအရေးပြိုင်ပွဲကို ကျောင်း စာသင်ခန်း နှစ်ခန်း၌လည်းကောင်း၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပတ္တမြားရတုခန်းမတွင် လည်းကောင်း နှစ်နေရာခွဲ၍ ကျင်းပပြုလုပ်သည်။ ထို့နောက် မြန်မာစာအရေးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ တို့တွင် ဆုရရှိကြသော ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

(နတ်တလင်း၊ ပြန်/ဆက်)

No comments:

Post a Comment