Monday, November 7, 2016

မတ္တရာမြို့၌ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိသုံးစွဲနိုင်ရေး (၁၁/ဝ.၄)ကေဗွီ (၂ဝဝ)ကေဗွီအေထရန် စဖော်မာ တိုးချဲ့တပ်ဆင်


မတ္တရာ               နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မန္တလေး လျှပ်စစ်ဓာတ်အာပေးရေး ကော်ပိုရေးရှင်း၊ မတ္တရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မတ္တရာမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိသုံးစွဲနိုင်ရေးနှင့် ဗို့အားပြည့်မီရေး အတွက် (၁၁/ဝ.၄)ကေဗွီ (၂ဝဝ)ကေဗွီအေထရန်စဖော်မာ အသစ်တစ်လုံးကို တိုးချဲ့တည်ဆောက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် ဓာတ်အားထည့်၍ လျှပ်စစ်မီးစတင်သုံးစွဲနိုင်ခဲ့သည်။

အဆိုပါ ထရန်စဖော်မာသို့ မတ္တရာဓာတ်အားခွဲရုံ၏ (၁၁)ကေဗွီ စကျင်ဓာတ်အားလိုင်းမှ ဓာတ်အားရယူသုံး၍ အမှတ်(၅)ရပ်ကွက် နေချင်စရာရပ်နှင့် ရန်နိုင်စိုးရပ်ရှိ မီးသုံးစွဲသူ(၅ဝဝ)ခန့်အားဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိသည်။ ယခင်က အဆိုပါရပ်ကွက်အတွင်းရှိ မီးသုံးစွဲသူပြည်သူများသို့ (၁၁/ဝ.၄)ကေဗွီ(၂ဝဝ)ကေဗွီအေသာလွန်ဖြူ ထရန်စဖော်မာနှင့် (၁၁/ဝ.၄)ကေဗွီ(၂ဝဝ)ကေဗွီအေ ရန်နိုင်စိုးထရန်စဖော်မာတို့မှ ဓာတ်အားဖြန့်ဖြူးပေးခဲ့ရာတိုး တက်များပြားလာသော မီးသုံးစွဲသူနှင့် စက်မှုလုပ်ငန်းများကြောင့် ရပ်ကွက်အတွင်းဓာတ်အားပြည့်ဝစွာ မသုံးစွဲ ရခြင်းနှင့် ဗို့အားလျော့နည်းကျဆင်းခြင်းများ နေရာအချို့တွင် ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ New Ever Light ကုမ္ပဏီ နှင့် မတ္တရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတို့ပူးပေါင်း၍ (၁၁)ကေဗွီလိုင်း(၁ဝဝ)ပေ၊ (၁၁/ဝ.၄)ကေဗွီ (၂ဝဝ)ကေဗွီ အေထရန် စဖော်မာတစ်လုံးနှင့် (၄ဝဝ)ဗို့လိုင်း(၂ဝဝဝ)ပေတို့ချဲ့တဘ်ဆောက်ပေးခဲ့ခြင်းကြောင့် အမှတ်(၅)ရပ်ကွက် နေချင်စရာရပ်နှင့် ရန်နိုင်စိုးရပ်တို့တွင် ဓာတ်အားကြံ့ခိုင်မှု ပိုမိုကောင်းမွန်ခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းခြင်းနှင့် ယခင်တပ်ဆင်ပြီးထရန်စဖော်မာများထဲမှ ဗို့အားမျှခြင်းတို့ကြောင့် ရပ်ကွက်အတွင်းရှိ မီးသုံးစွဲသူများသည် လျှပ်စစ် ဓာတ်အားကိုအပြည့်အဝဗို့အားပြည့်မီစွာသုံးစွဲနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
မတ္တရာမြို့နေ လျှပ်စစ်သုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် New Ever Light ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် အမှတ်(၂)ရပ်ကွက်တွင် (၃၁၅)ကေဗွီအေထရန်စဖော် (၁)လုံး၊ (၂ဝဝ)ကေဗွီအေထရန်စဖော်မာ(၃)လုံး၊ အမှတ်(၃)ရပ်ကွက်တွင် (၃၁၅)ကေဗွီအေထရန်စဖော်မာ(၁)လုံး ၊ အမှတ်(၄)ရပ်ကွက်တွင် (၂ဝဝ)ကေဗွီအေထရန်စဖော်မာ (၁)လုံးနှင့်အမှတ်(၅)ရပ်ကွက် တွင်(၃၁၅)ကေဗွီအေထရန် စဖော်မာ(၁)လုံး၊ (၂ဝဝ)ကေဗီအေ ထရန်စဖော်မာ(၅)လုံး မတ္တရာမြို့ပေါ်တွင် စုစုပေါင်း ထရန်စဖော်မှာ(၁၂) ကိုတိုးချဲ့ တပ်ဆင်ပေးနိုင်ခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)

No comments:

Post a Comment