Monday, November 7, 2016

မဟာဗောဓိစေတီတော်မြတ်ကြီး ဆွမ်းကြီးလောင်းပွဲတော်အစဉ်အလာမပျက် ကျင်းပ

သထုံ နိုဝင်ဘာ ၇
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်ရှိ ဝင်းပဇောတိကာရုံ ကျောင်းတိုက် မဟာဗောဓိစေတီတော်မြတ်ကြီး၌ နှစ်စဉ် ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင် ဆွမ်းကြီးလောင်း ပွဲတော်ကို နိုဝင်ဘာလ ၇ ရက်၊ နံနက်က အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် အစဉ်အ လာမပျက် စဉ်ကားစွာကျင်းပသည်။
နံနက် အာရုံတက်ချိန်တွင် ဘုရားအမှူးရှိသော သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆပ်ကပ် လှူဒါန်းပြီး ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာများအလိုက် စုပေါင်းအသင်းအဖွဲ့များ တို့က ဆွမ်းဆန်စိမ်းများ စုပေါင်း လောင်းလှူ ကာ ပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများကို စာရေးတံမဲဖောက် လှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းပွဲတွင် သထုံမြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၂၀၀ ကျော်မှ သံဃာတော် ၅၀၀ ပါးကျော်အား စုပေါင်းလူဒါန်းခဲ့ကြကြောင်း သိရသည်။


No comments:

Post a Comment