Wednesday, November 30, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စင်ကာပူ နိုင်ငံသို့ ရောက်ရှိ


နေပြည်တော် နိုဝင်ဘာ ၃၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လွန်း၏ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် ယနေ့ နံနက်  ၈ နာရီ မိနစ် ၂၀ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် စင်ကာပူနိုင်ငံ  ချန်ဂီအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ လေဆိပ်၌ စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာကရစ်ရှ်နန်၊ မြန်မာသံအမတ်ကြီး ဦးဌေးအောင်နှင့် သံရုံး ၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

No comments:

Post a Comment