Wednesday, November 30, 2016

မြန်မာ-ထိုင်းကုန်စည်ပြပွဲနှင့် ကုန်စည် ဈေးရောင်းပွဲတော် ဘားအံ၌ ကျင်းပမည်


ဘားအံ နိုဝင်ဘာ ၃၀
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် ငွေစန္ဒာလမင်းကုမ္ပဏီလီမိတက်နှင့် Kaokrai Creative Co,Ltd တို့  ပူးပေါင်း၍ မြန်မာ - ထိုင်း ကုန်စည်ပြပွဲနှင့် ကုန်စည်ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ ငါးရက်တိုင်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအချိန်ထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကုန်စည်ပြပွဲနှင့် ကုန်စည်ဈေးရောင်းပွဲတော်တွင် အီလက်ထရောနစ်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ ပလပ်စတစ် လူသုံးကုန်ပစ္စည်းများ၊ ဖုန်းအလှဆင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ခရီးဆောင်/ လက်ကိုင်အိတ်မျိုးစုံ၊ ကလေးဝတ်/လူကြီးဝတ် အ၀တ်အထည်မျိုးစုံ၊ ဖိနပ်မျိုးစုံ အစရှိသည့် အရည်အသွေးမြင့် ကုန်စည်များအား ချိုသာသော အထူးဈေးနှုန်းများဖြင့် ခင်ကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ပြီး စင်တင်တေးဂီတ  ဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ရွင်စရာဂိမ်းအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်းသိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment