Wednesday, November 30, 2016

ရှမ်းနှစ်သစ်ကူးပွဲတော် လွိုင်လင်မြို့၌ကျင်းပ

လွိုင်လင်၊ နိုဝင်ဘာ ၂၉
၂၁၁၁ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက် ၊  ညနေ (၆)နာရီက လွိုင်လင်မြို့ ရှိ နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယ ဥက္ကဌဆရာတော် သီတင်းသုံးရာ သာသနာ့ဝေပုလ္လဓာတ်တော်ကျောင်းတိုက်၌ ကျင်းပကြောင်းသိရသည်။



အစီအစဉ်အရ နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယဥက္ကဌဆရာတော် ဒေါက်တာဘဒ္ဒ န္တပညာနန္ဒမှ လမ်းညွှန် သြ၀ါဒစကားမြွတ်ကြားပြီးနောက် ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာနဆရာတော်နှင့် လွိုင်လင်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌဦးစိုင်းတနေတို့က  ရှမ်းနှစ် ၂၁၁၁ ခုနှစ် ၊ နှစ်သစ်ကူးပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး သည်။ ယင်းနောက် ရပ်ကွက်/ကျေးရွာ အသီးသီးတို့မှ ယဉ်ကျေးမှု အဆို၊ အက အတီး ၊အဖွဲ့များက ဧည့်ခံဖျော်ဖြေကြပြီး ယနေ့ည (၁၂) နာရီတွင် နှစ်သစ်ကူးမည်ဖြစ်ကြောင်းသိရသည်။

(လွိုင်လင်၊ ပြန်/ဆက်)

No comments:

Post a Comment