Friday, November 25, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံ




နေပြည်တော်၊ နိုဝင်ဘာ ၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင် အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ သည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ကာကွယ် ရေးဌာနတာဝန်ခံ စောရော်ဂျာခင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ စီးပွား ရေးတာဝန်ခံ စောတာဒိုးမု၊ စစ်ထောက်ချုပ်အဆင့်ရှိ စောအိုင်းဇက်၊ ဥက္ကဋ္ဌ၏ နိုင်ငံရေးနှင့် စစ်ရေးအကြံပေး စောထူးထူးလေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု-ပင်လုံ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေး ရမည့် ကိစ္စရပ်များနှင့် နှစ်ဖက်တပ်များ တပ်နေရာချထားရေးကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးကြသည်။

No comments:

Post a Comment