Friday, November 11, 2016

အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

ဒီးမော့ဆို            နိုဝင်ဘာ             ၁၁
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်းကျေးရွာ ညောင်ကိုင်းအနီး ဒီးမော့ဆို-လွိုင်ကော် သွားကားလမ်း မိုင်တိုင်အမှတ် ၁၂၃/၂ နှင့် ၁၂၃/၃ ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက် ည ၁၁ နာရီအချိန်တွင် ဒီးမော့ဆို-လွိုင်ကော် သွားကားလမ်း မိုင်တိုင်အမှတ် ၁၂၃/၂ နှင့် ၁၂၃/၃ ကြားတွင် ယာဉ်တိမ်းမှောက်ဖြစ်ပွားကြောင်း သတင်းအရ ခေတ္တစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ယာဉ်မောင်း မောင်မောင်ထွန်း မောင်းနှင်လာသည့် KYH 7B/---- ၊ NISSAN အဖြူရောင်ယာဉ်သည် လမ်းဘေး ရေမြောင်းအား ကျော်၍ တိမ်းမှောက်ရာ ကားရှေ့မှန်၊ နောက်မှန်များ ကွဲလျှက် တွေ့ရှိရပြီး ယာဉ်မောင်းမှာ ဝဲဖက်နား နောက်ပေါက်ပြဲ ဒဏ်ရာ၊ ဝဲနား ပွန်းပဲ့ ဒဏ်ရာ၊ ဝဲပါးပွန်းပဲ့ ဒဏ်ရာများဖြင့် သတိလစ်နေကြောင်း တွေ့ရှိရကာ ဒီးမော့ဆိုဆေးရုံမှ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ မောင်မောင်ထွန်း (သ) ၂၀ နှစ်၊ (ဘ) ဦးကျော်မြင့်အား ဒီးမော့ဆို မြို့မရဲစခန်းမှ ယာဉ်(ပ) ၁၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment