Thursday, November 17, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်များ စစ်တွေမြို့ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများနှင့်တွေ့ဆုံ


စစ်တွေ နိုဝင်ဘာ ၁၆
စစ်တွေမြို့၌ ရောက်ရှိနေသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် သဲချောင်း ကျေးရွာသို့သွားရောက်ပြီး သဲချောင်းဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြုလုပ်နေကြသည့် ဘင်္ဂါလီများ၊ မာရမာကြီးများအား တွေ့ဆုံပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။

ထို့နောက် ကော်မရှင်အဖွဲ့သည် အုန်းတောကြီးကယ်ဆယ်ရေးစခန်း၌ ရပ်မိရပ်ဖ ဦးဘကျော်အပါအဝင် ဒေသခံ ၅ဝ နှင့် လည်းကောင်း၊ ရေချမ်းပြင်ကျေးရွာ၌ ဒေသခံတိုင်းရင်းသား ဦးထွန်းအောင်ကျော်အပါအဝင် ၁၅ ဦးနှင့်လည်း ကောင်း၊ ဇောပူဂျာ ကျေးရွာစာသင်ကျောင်း၌ ဦးစံထွန်းကျော် အပါအဝင် ဒေသခံတိုင်းရင်းသား ၂၅ ဦးနှင့် လည်းကောင်း တွေ့ဆုံပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။
မွန်းလွဲပိုင်းတွင် ဆတ်ရိုးကျတိုင်းရင်းသားကယ်ဆယ်ရေးစခန်းသို့ သွားရောက်လေ့လာကြသည်။ ကော်မရှင် အဖွဲ့သည် မွန်းလွဲ ၃နာရီတွင် စစ်တွေဟိုတယ်ခန်းမ၌ စစ်တွေမြို့ပေါ်ရှိ UN ၊ INGO (၁၃)ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment