Thursday, November 17, 2016

လက်ရှိမြန်မာနိုင်ငံ၌ အတွင်းတိမ်ရောဂါဖြစ်ပွားနေသူ သုံးသိန်းခွဲခန့်ရှိ နှစ်စဉ်ခွဲစိတ်ပေးနိုင်သော အရေအတွက်မှာ တစ်သိန်းကျော်သာဖြစ်


နေပြည်တော် နိုဝင်ဘာ ၁၆
နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီး (နေပြည်တော်)၌ ကျင်းပသည့် မဲခေါင်ဒေသအလင်းရောင်ခရီးစဉ်၏ မျက်စိအတွင်းတိမ်ဝေဒနာ ရှင်များ အခမဲ့ခွဲစိတ်ကုသပေးခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးသည်။


 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ် တွင် အမြင်အာရုံချို့တဲ့သူ ၂၄၆ သန်းနှင့် မျက်စိကွယ်သူ ၃၉ သန်းခန့်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကာကွယ်ကုသနိုင်သော မျက်စိရောဂါများအနက် အဓိကမျက်စိမမြင်ခြင်းကို
ဖြစ်စေနိုင်သောရောဂါများမှာ အတွင်း တိမ်၊ ရေတိမ်၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက် ဒဏ်ရာရခြင်းနှင့် ဆီးချို၊ သွေးတိုးရောဂါကြောင့်ဖြစ်သော ရောဂါများဖြစ်ပြီး အတွင်းတိမ်ရောဂါမှာ အားလုံး၏ ၆ဝ ရာခိုင်နှုန်းရှိကြောင်း၊ ယခုလက်ရှိ မြန်မာ နိုင်ငံ၌ အတွင်းတိမ်ရောဂါ ဖြစ်ပွားနေသူ ခန့်မှန်းခြေ သုံးသိန်းခွဲခန့်ရှိရာ နှစ်စဉ် ခွဲစိတ်ပေးနိုင်သော အရေအတွက်မှာ တစ် သိန်းကျော်သာဖြစ်ပြီး ပိုမိုခွဲစိတ်ကုသ ပေးနိုင်ရန် လိုအပ်နေသေးကြောင်း။
WHO ၏ ရည်မှန်းချက်ဖြစ်သော အတွင်းတိမ် ခွဲစိတ်မှုနှုန်းမှာ လူဦးရေ တစ်သန်းလျှင် ၃ဝဝဝ သတ်မှတ်ထားရာ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ခွဲစိတ်မှုနှုန်းမှာ ၂ဝ၃၈ သို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။
အထူးသဖြင့် အတွင်းတိမ်ရောဂါ ဝေဒနာရှင်များကို ကွင်းဆင်းရှာဖွေပေး ခြင်း၊ အခမဲ့ခွဲစိတ်ကုသမှုပြုလုပ်ပေးခြင်း များကို အင်တိုက်အားတိုက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
မျက်မမြင် ကာကွယ်ရေးလုပ်ငန်း များကို ကျန်းမာရေးဝန်ကြီးဌာန၊ မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံကြီး များ၊ ခရိုင်အဆင့် ဆေးရုံကြီးများရှိ မျက်စိ ကုသဌာနများ၊ ကျေးလက်ကျန်းမာရေး ဌာနများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၊ အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများအပြင် ပြည်သူလူထု တစ်ရပ်လုံးကလည်း တက်ညီလက်ညီ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက် မှသာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ရည်မှန်းချက်ဖြစ်သော ၂ဝ၂ဝပြည့်နှစ်တွင် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများ လျော့နည်းပပျောက်အောင် ဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ တရုတ်ပြည်သူ့ဆက်ဆံ ရေးအသင်းမှ အထွေထွေအတွင်းရေးမှူး Mr. Zhao Xiyuan ၊ တရုတ်အမျိုးသား ကုသိုလ်ဖြစ် မဟာမိတ်အဖွဲ့ အတွင်းရေး မှူးMr. Liu Youping နှင့် တရုတ်နိုင်ငံ အိုင်အိုမျက်စိအထူးကုဆေးရုံမှ အတွင်း ဝန် Mr. Peng Zhikum တို့က နှုတ်ခွန်း ဆက်စကားပြောကြားကြသည်။
ဆက်လက်၍ ဝိသာခါဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာဝင်းမင်းသစ် က မဲခေါင်ဒေသအလင်းရောင် ခရီးစဉ် တွင် ပူးပေါင်းပါဝင်လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်နှင့် ဝိသာခါဖောင်ဒေးရှင်း၏ လူမှုအကျိုးပြု ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဝိသာခါဖောင်ဒေးရှင်း ကလှူဒါန်းသည့် Casseette Sterilizer တစ်လုံးနှင့် Autoclave နှစ်လုံးတို့ကို မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးအတွက် ပေးအပ်လှူဒါန်း သည်။
ယင်းနောက် ဆေးရုံအုပ်ကြီး ဒေါက်တာလှမာလာက ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတနှင့်ဇနီး၊ တက်ရောက်လာကြသူ များသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
ယခု မဲခေါင်ဒေသအလင်းရောင် ခရီးစဉ်၏ မျက်စိအတွင်းတိမ် ဝေဒနာရှင် များ အခမဲ့ခွဲစိတ်ကုသပေးခြင်း နေပြည် တော်အစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တရုတ်ပြည်သူ့ဆက်ဆံရေး အသင်း၊ တရုတ်အမျိုးသား ကုသိုလ်ဖြစ် မဟာမိတ်အဖွဲ့ တို့မှ အဓိကပံ့ပိုးကူညီကာ တရုတ်နိုင်ငံ ပင်လယ်ရပ်ခြား တရုတ် နွယ်ဖွားကုသိုလ်ဖြစ် ဖောင်ဒေးရှင်း၊ တရုတ်မသန်စွမ်းသူများ ဖောင်ဒေးရှင်း၊ အိုင်အို မျက်စိအထူးကုဆေးရုံအုပ်စု၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ အထူးကုဆေးရုံကြီး (နေပြည် တော်) တို့မှ ပူးတွဲပံ့ပိုးကူညီပြီး တရုတ် နိုင်ငံမှ မျက်စိဆရာဝန်ကြီးများအဖွဲ့က မျက်စိဝေဒနာ ရှင် ၅၂ ဦးတို့အား နိုဝင် ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ် သည်။
ထို့ပြင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီး(ရန်ကုန်)၌ လူနာ ၁ဝဝ နှင့် သီတဂူစက္ခုပါလမျက်စိ ဆေးရုံ ကြီး၌ လူနာ ၁ဝဝ တို့အား ခွဲစိတ်ကုသ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment