Thursday, November 10, 2016

ဆိပ်ဖြူမြို့၊ ဓမ္မအလင်း စာကြည့်တိုက် (၁၀)နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ

ဆိပ်ဖြူ  နိုဝင်ဘာ  
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့တွင် မြိုမိမြို့ဖများနှင့် ဒေသခံလူငယ်လေးများဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ဓမ္မအလင်း ထေရ၀ါဒ တရားအလှူတော်လုပ်ငန်းနှင့် ပိဋကတ်စာကြည့်တိုက်၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်  စာပေဟောပြောပွဲ အခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီက ရွှေမင်းဝန်စေတီတော် ဘုရားဝန်း၌ ကျင်းပပြုလုပ်သည်။

ဓမ္မအလင်း(၁၀)နှစ်ပြည့် အထိမ်းအမှတ်  စာပေဟောပြောပွဲအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးတင့် (ပျော်ရွှင်-ဆိပ်ဖြူ)က အမှာစကား ပြောကြားပေးပြီး ဆရာမ ဒေါ်ဂေါ်ဇီက စာဖတ်ရှိန်မားမားရေး အကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံကျော် စာရေးဆရာကြီးများဖြစ်သည့် ဆရာနေ၀င်းမြင့်က “မေတ္တာနှင့် ပညာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာ ချစ်ဦးညိုက “သို့ဆိပ်ဖြူမှချစ်ဦးညို” ခေါင်းစဉ်များဖြင့် စာပေချစ်မြတ်နိုးသူများအား သုတ၊ ရသ စာပေများ အကြောင်း ဟောပြောပေးခဲ့သည်။
ဆိပ်ဖြူမြို့ဓမ္မအလင်း ထေရ၀ါဒ တရားအလှူတော်လုပ်ငန်းနှင့် ပိဋကတ်စာကြည့်တိုက်၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေထိ နိုင်ငံကျော် ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများဖြစ်သည့် အရှင်ပညာဝရ ၊ အရှင်ပညာနန္ဒ (သီတဂူကြယ်တစ်ပွင့်)၊ ဓမ္မဓရ ဒေါက်တာ အရှင်ကုမာရ အစရှိသော ဆရာတော်ကြီးများက ရွှေမင်းဝန်စေတီတော် ဘုရားဝန်းတွင်  နိဗ္ဗာန် ရောက်ကြောင်း တရားတော်များချီးမြှင့် ဟောကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment