Friday, November 11, 2016

ဆင်သေချောင်းနှင့် ငလိုက်ချောင်းပေါင်းဆုံစီးဆင်းသည့် ညောင်ပင်ကြီးကျေးရွာ နေအိမ်များ အတွင်း ရေဝင်ရောက် ၊ စပါးခင်းနှင့်ယာမြေများရေနှစ်မြုပ်



နေပြည်တော်       နိုဝင်ဘာ   ၁၁

နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် ၊ စည်ပင်ကြီးကျေးရွာအုပ်စု ၊ ညောင်ပင်ကြီး ကျေးရွာတွင် နိုဝင်ဘာလ ၁ဝ ရက် ည ၁၁ နာရီက ဆင်သေချောင်းနှင့်ငလိုက်ချောင်းမှ ရုတ်တရက်ရေတက်လာပြီး အနိမ့်ပိုင်းရှိ နေအိမ်များ ရေဝင်နှစ်မြုပ်ခဲ့ကြောင်း သိရသည်။ ချောင်းရေနစ်မြုပ်မှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ စည်ပင်ကြီး ၊ ချောင်းကမ်းကြီး ၊ ရွာသစ်ကြီး ၊
ညောင်ပင်ကြီးကျေးရွာများမှ စပါးခင်းနှင့် ယာမြေသီးနှံ ဧက ၄ဝဝ ခန့် ၊ ညောင်ပင်ကြီး ကျေးရွာမှ နေအိမ် ၉၂ လုံးရေဝင်နစ်မြုပ်ပြီး လူဦးရေ ၅ဝ၅ ဦးအား ဆွေးမျိုးသား ချင်းများအိမ်သို့ ပြောင်းရွေ့ပေးထားကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment