Thursday, November 17, 2016

ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးကြပ်မတ်ပေး


နေပြည်တော်၊ နိုဝင်ဘာ ၁၆
နေပြည်တော်အတွင်း ယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်ပွားလျှက်ရှိရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်၍ စီမံချက်ချမှတ်၍ နေရာတိုင်းတွင် စစ်ဆေးကြပ်မတ်လျှက်ရှိသည်။




ဇမ္ဗူသီရိမြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်ရေးအဖွဲ့မှ ဒုရဲအုပ်ဌေးလွင်နှင့်အဖွဲ့၊ ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်နိုင်လင်းနှင့်အဖွဲ့တို့သည် ယနေ့နံနက် ၈ နာရီတွင် မြို့တော်ခန်းမအနီး၌ စစ်ဆေးကြပ်မတ်မှုများကို ဇမ္ဗူသီရိမြို့နယ် ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ယာဉ်စည်း၊ ကမ်းလမ်းစည်းကမ်း စစ်ဆေးခြင်းကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ နေရာ(၄) နေရာကို အဖွဲ့လိုက်ခွဲ၍ နံနက်(၈) နာရီမှ နေ့လည်(၁၂)နာရီအထိတစ်ချိန်၊ မွန်းလွဲ(၂)နာရီမှ ညနေ(၄)နာရီအထိ တစ်ချိန် သတ်မှတ်၍  ကား/ ဆိုင်ကယ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်စီးဦးအုပ်နှင့် လူသုံးယောက်စီးခြင်းများကို နေ့စဉ်စစ်ဆေး ကြပ်မတ်ပေးလျှက်ရှိကြောင်း သိရှိရ သည်။

မြို့နယ်ပြန်/ဆက်    

No comments:

Post a Comment