Thursday, November 3, 2016

ကင်းထောက်လူငယ်များ၏ လုပ်အားဖြင့် ကင်းထောက်ရန်ပုံငွေရှာဖွေခြင်းအစဉ်အလာ ကွင်းဆင်းဆောင်ရွက်

မန္တလေး၊ နိုဝင်ဘာ- ၃
ကင်းထောက်လူငယ်မောင်မယ်များ၏ လုပ်အားဖြင့် လုပ်ငန်းတစ်ရပ် ငွေကျပ် တစ်ထောင် သီတင်းပတ် လှုပ်ရှားမှုဖြင့် ကင်းထောက်ရန်ပုံငွေ ရှာဖွေခြင်း လုပ်ငန်းများကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကင်းထောက် မောင်မယ် ကျောင်းသား ကျောင်းသူများသည် နိုဝင်ဘာလ (၃)ရက်နေ့ နံနက် (၁၀)နာရီက စတင်ကာ မြို့နယ်အတွင်းရှိ စိတ္တရမဟီရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။



ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အ.ထ.က (၁၂)မှ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း၏ ကြီးကြပ်မှုဖြင့် ကင်းထောက်ဆရာမ ဒေါ်ညိုညိုဆန်း ဦးဆောင်ကာ ကင်းထောက် မောင်မယ်များသည် ရပ်ကွက်အတွင်းရှိ အိမ်များတွင် သန့်ရှင်းရေး ကူညီမှုများ အဖြစ် တံမျက်စည်း လှည်းပေးခြင်း၊ ပန်ကန် ဆေးပေးခြင်း၊ အမှိုက်များ ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များ ရှင်းလင်းပေးခြင်းနှင့် အိမ်ရှင်များ၏ လုပ်ငန်း လိုအပ်မှုများအား ကူညီဆောင်ရွက်ပေးခဲ့ရာတွင် အိမ်ရှင်များမှ ကင်းထောက် ရန်ပုံငွေအဖြစ် ငွေကျပ် တစ်ထောင်ထည့်ဝင် လှူဒါန်းကြသည်။
အ.ထ.က (၁၂)မှ ကင်းထောက်မောင်မယ် (၁၂၄)ဦးကို ကင်းစိတ်အဖွဲ့ (၁၆)ဖွဲ့ ဖွဲ့စည်းကာ လုပ်ငန်းတစ်ရပ် ငွေကျပ် တစ်ထောင်ကျပ် သီတင်းပတ်လုပ်ငန်းစဉ်အား ကင်းထောက်ရန်ပုံငွေအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment