သပိတ်ကျင်း၊ နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊
မန္တလေး- ဗန်းမော်ကားလမ်းမကြီး၊ ကျောက်ကွဲလမ်းကွေ့တွင် ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ
နေရာတွင် ပွဲချင်းပြီး (၉) ဦး သေဆုံးပြီး ဆေးရုံအရောက်တွင် (၅) ဦးထပ်မံသေဆုံးရာ စုစုပေါင်း (၁၄) ဦး သေဆုံးကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၉း၃၀ နာရီအချိန်တွင်
ယာဉ်မောင်းအပါအ၀င် ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၄၇) ဦး ရှိပြီး ကျန်သူ များမှာလည်း ဒဏ်ရာအသီးသီးရရှိကာ သပိတ်ကျင်းမြို့နယ် ဆေးရုံးမှ
မနိုင်သောလူနာများကို မန္တလေးပြည်သူ့ဆေးရုံးသို့ ပေးပို့ခဲ့သည်။
အဆိုပါယာဉ်မှာ (၆)ဘီး ယာဉ်ဖြစ်ပြီး မြစ်ကြီးနားမြို့သို့
ဖုန်းလိုင်းတူးရန်အတွက် လက်ပံတောင်း-မြို့နယ်၊ ချောင်းဖျားကျေးရွာမှ လာကြသူများဖြစ်သည်။
အဆိုပါမိုင်တိုင် (၇/၀) မိုင် နေရာသည်မကြာခဏ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားနေကြောင်းနှင့်
ယာဉ်တိမ်းမှောက် ရာနေရာသို့ မြို့နယ်မှ တာဝန်ရှိသူများ၊ နီးစပ်ရာကျေးရွာများမှ လူမှုရေးအသင်းများက
ကား (၁၀ ) စီးဖြင့် သပိတ်ကျင်း မြို့နယ်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း
သိရှိရသည်။
(သပိတ်ကျင်း၊ ပြန်/ဆက်)
No comments:
Post a Comment