Monday, November 21, 2016

ဒိုက်​ဦးမြို့နယ်​ ဇမ္ဗူရတနာ စက္ခုဒါန ပရဟိတမှ အခမဲ့ကုသ


ဒိုက်​​ဦး၊ နိဝင်​ဘာ၂၁
ပဲခူးတိုင်း​ဒေသကြီး၊ ဒိုက်​ဦးမြို့နယ်​အသင်း (ရန်​ကုန်​)မှ ဇမ္ဗူရတနာစက္ခုဒါန ပရဟိတ အခမဲ့ မျက်​စိစမ်းသပ်​ခွဲစိတ်​ခြင်းကို နိုဝင်​ဘာ ၁၉ ရက်​​နေ့မှစ၍ ဇမ္ဗူရတနာ​ကျောင်း၌ ပြုလုပ်​ရာ


ရန်​ကုန်​မြို့မျက်​စိအထူးကုဆရာဝန်​ကြီး​ ဒေါက်​တာ​ဌေး​ဌေးလွင်​ ဦး​ဆောင်​​သော ဆရာဝန်​အဖွဲ့မှ မျက်​စိ​​ရောဂါ​ဝေဒနာရှင်​​ပေါင်း (၃၀၀)​ ကျော်​ စမ်းသပ်​၍ ခွဲစိတ်​လူနာ သံဃာ​တော်​ ၆ ပါး အပါအဝင်​ စုစု​ပေါင်း (၆၂) ဦး၊ မျက်​မှန်​အခမဲ့ ၁၅၈ ဦးနှင့်​​ဆေးဝါးများ အခမဲ့​ ပေးအပ်​လှူဒါန်းခဲ့ကြ​ကြောင်း သတင်းရရှိသည်​။

မြို့နယ်​(ပြန်​/ဆက်​)

No comments:

Post a Comment