Monday, November 21, 2016

Sixty more suspected violent attackers arrested in Maungtaw

November 21, 2016

Sixty more people suspected of being involved in violent attacks in Maungtaw township were arrested by security forces on November 19.


During an area clearance operations, Ngarkhuya Border Guard Police arrested sixty men at about 4:00 pm of November 19 in Kyatyoepyin village on suspicion of being involved in violent attacks, according to the Information Committee of the State Counselor Office.

The suspects were involved in attacks on security forces during area clearance operations around Kyatyoepyin, Laungton and Pyaungpike villages on November 11.  Due to the attacks, five members from security force were killed.

အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ကြောင်း သံသယရှိသူများ ထပ်မံဖမ်းဆီးရမိ
နေပြည်တော် နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင် ပတ်သက်ကြောင်း သံသယရှိသူ (၆၀) ဦးအား ကြက်ရိုးပြင်ကျေးရွာအတွင်းမှ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။
အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ငါးခူရနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် နယ်မြေရှင်းလင်းစဉ် ယမန်နေ့ ညနေ ၄ နာရီခန့်က မောင်တောမြို့ နယ် ကြက်ရိုးပြင် ကျေးရွာအတွင်းမှ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက် ကြောင်း သံသယရှိသူ (၆၀)ဦး အား ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက် ခံရမှု ဖြစ်စဉ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစဉ် အောက်တိုဘာ ၁၁ ရက်တွင် ကြက်ရိုးပြင်ကျေးရွာ၊ လောင်းတုံကျေးရွာနှင့် ပြောင်ပိုက်ကျေးရွာများအနီး ပတ်ဝန်းကျင်၌ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်(၅)ဦး ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ရာ အဆိုပါဖြစ်စဉ်များနှင့် ပါဝင် ပတ်သက်သူများ အား ဖော်ထုတ်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment